၁ သက် 3:9 - မြန်မာ့စံမီသမ္မာကျမ်း9 ငါတို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့ကြောင့် ငါတို့ခံစားရသော ဤဝမ်းမြောက်ခြင်းအားလုံးကိုထောက်၍ သင်တို့အတွက် ဘုရားသခင်ကို မည်ကဲ့သို့ကျေးဇူးတုံ့ပြန်နိုင်ပါမည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible9 သင်တို့အတွက်ကြောင့်လည်းကောင်း၊ သင်တို့ ကိုအကြောင်းပြု၍ရှေ့တော်တွင်ဝမ်းမြောက် ရွှင်လန်းခွင့်ကိုရရှိသည့်အတွက်ကြောင့် လည်းကောင်း ဘုရားသခင်၏ကျေးဇူးတော် ကိုငါတို့ချီးမွမ်းကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ငါ တို့ ဘု ရား သ ခင့် ရှေ့ တော် တွင် သင် တို့ အ တွက် ရွှင် လန်း ရ သ မျှ နှင့် စပ်၍ ဘု ရား သ ခင် အား ကျေး ဇူး တော် ချီး မွမ်း ရာ ကို မည် သို့ ပြန် ဆပ် နိုင် အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible9 ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ဘုရားသခင်ရှေ့တော်တွင် သင်တို့ကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ရ၏။ သင်တို့အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သို့ ကျေးဇူးဆပ်နိုင်မည်နည်း။ အခန်းကိုကြည့်ပါ။ |
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။