ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
၁ ယော 5:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူတိုင်းသည် ဤသက်သေခံချက် မှန်ကန်ကြောင်းကို လက်ခံ၏။ ဘုရားသခင်ကို မယုံကြည်သောသူမှာမူ ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိသားတော်အကြောင်း သက်သေခံတော်မူသည်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။ Common Language Bible ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။- Garrad Bible ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် သူ သည် ထို သက် သေ တော် ကို ကိုယ်၌ ရ ရှိ၏။ ဘု ရား သ ခင် ကို မ ယုံ ကြည် သူ မူ ကား သား တော် နှင့် စပ်၍ ခံ တော် မူ သော သက် သေ ကို မ ယုံ သော ကြောင့် မု သာ သုံး တော် မူ သည် ဟု ဆို ရာ ရောက် ၏။ Judson Bible ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသားအပြစ်တင်၏။ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက်သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက်၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။ |
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရ။ မယုံကြည်သောသူမှာမူ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းခံရပြီ။
ထိုအရှင်၏ သက်သေကို လက်ခံသောသူကမူ ဘုရားသခင်သည် ဖြောင့်မှန်တော်မူသည်ဟု သတ်မှတ်၏။
ခမည်းတော် စေလွှတ်တော်မူသောသူကို သင်တို့မယုံကြည်သောကြောင့် သူ၏နှုတ်ကပတ်တရားတော်သည်လည်း သင်တို့စိတ်နှလုံးတွင် မတည်။
ဖိလိပ္ပုက “သင့်စိတ်နှလုံးထဲမှ အကြွင်းမဲ့ ယုံကြည်ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်က “ယေရှုခရစ်သည် ဘုရားသားတော်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်” ဟု ဆိုလေ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ထိုဝိညာဉ်တော် ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။
ကျွန်ုပ်ဆိုလိုသည်မှာ အမွေခံသည် အမွေပစ္စည်းအားလုံးကို ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်သေးသရွေ့ ကျွန်နှင့် မကွာခြားပေ။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားများဖြစ်ကြသောကြောင့် ဘုရားသခင်သည် သားတော်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၍ ထိုဝိညာဉ်တော်ကြောင့် ကျွန်ုပ်တို့က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သေ၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်ထံ၌ ဝှက်ထားသောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့၏ စိတ်နှလုံးသည် ညစ်ညူး၍ ယုံကြည်ရန် ငြင်းဆန်ကာ အသက်ရှင်သော ဘုရားသခင်ထံမှ ထွက်မသွားစေရန် သတိပြုကြလော့။
ထို့ပြင် အပြည့်အဝယုံကြည်စိတ်ချရသော ပရောဖက်ပြုဟောပြောချက်များလည်း ကျွန်ုပ်တို့၌ရှိ၏။ ထိုဟောပြောချက်များသည် သင်တို့နှလုံးသား၌ အရုဏ်တက်၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်တိုင်အောင် အမှောင်အရပ်တွင် လမ်းပြထွန်းလင်းနေသည့်ဆီမီးသဖွယ် ဖြစ်သောကြောင့် သင်တို့သည် ထိုဟောပြောချက်များကို ကောင်းစွာ ဂရုစိုက်ရမည်။
“ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်မထားပါ” ဟု ဆိုလျှင် ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည်လည်း ကျွန်ုပ်တို့ထဲတွင် မရှိ။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။
ထိုအခါ နဂါးသည် အမျိုးသမီးအပေါ် ဒေါသထွက်သဖြင့် ကျန်ရှိနေသေးသော ထိုအမျိုးသမီး၏ မျိုးဆက်များကို တိုက်ရန် ထွက်ခွာသွား၏။ ထိုမျိုးဆက်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာသူများ၊ ယေရှုအကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသူများဖြစ်ကြ၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကိုပေးမည်။ ဖြူသောကျောက်တစ်လုံးကိုလည်းပေးမည်။ ထိုကျောက်ပေါ်တွင် နာမည်အသစ်ကို ရေးထွင်းထားပြီး ထိုကျောက်ကို လက်ခံသည့်သူမှလွဲ၍ မည်သူမျှ ထိုနာမည်သစ်ကို မသိရ။