သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။
၁ ယော 3:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမားတွင်မျှ ထာဝရအသက်မရှိကြောင်း သင်တို့သိကြ၏။ Common Language Bible မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။- Garrad Bible ညီ အစ် ကို ချင်း မုန်း သူ သည် လူ သတ် ဖြစ်၏။ လူ သတ်၌ ထာ ဝ ရ အ သက် မ တည် သည် ကို သင် တို့ သိ ကြ၏။ Judson Bible မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မိမိညီအစ်ကိုကိုမုန်းသောသူတိုင်းသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမား၌မျှ ထာဝရအသက်မတည်ကြောင်းကိုလည်း သင်တို့သိကြ၏။ |
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။
ထို့ကြောင့် ဟေရောဒိသည် ယောဟန်ကို အငြိုးထား၍ သတ်လို၏။ သို့သော်လည်း သတ်ခွင့်မရနိုင်ဘဲရှိ၏။
ငါပေးသောရေကို သောက်သောသူမှာ မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ့အတွင်း၌ အစဉ်စီးထွက်သော စမ်းရေဖြစ်၍ သူ့ကို ထာဝရအသက်ရှင်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
နောက်တစ်နေ့တွင် ဂျူးတို့သည် အတူတကွတွေ့ဆုံပြီးလျှင် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေရန် အချင်းချင်းသစ္စာဆိုကြ၏။
ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများထံသို့ သွား၍ “ကျွန်ုပ်တို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေရန် အလေးအနက်သစ္စာဆိုထားကြပါ၏။
ထိုမကောင်းသောတပ်မက်မှုသည် သန္ဓေတည်၍ အပြစ်ကို မွေးဖွား၏။ ထိုအပြစ်သည် ကြီးထွားလာသောအခါ သေခြင်းကို ဖြစ်ပေါ်စေ၏။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။
သို့သော် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် အမှောင်ထဲတွင် ရှိ၍ အမှောင်ထဲတွင် ကျင်လည်၏။ အမှောင်ထုသည် ထိုသူအား ကွယ်စေသောကြောင့် သူသည် မည်သည့်နေရာသို့ သွားနေသည်ကိုပင် မသိ။
“ငါသည် အလင်းထဲတွင် ရှိသည်” ဟု ဆိုလျက်နှင့် မိမိညီအစ်ကိုမောင်နှမကို မုန်းတီးသောသူသည် အမှောင်ထဲတွင် ရှိနေသေး၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။