လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
၁ ယော 3:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မာရ်နတ်နှင့် သက်ဆိုင်သူဖြစ်ပြီး မိမိညီကို သတ်သော ကာဣနကဲ့သို့ မဖြစ်စေကြနှင့်။ ကာဣနသည် အဘယ်ကြောင့် ညီကို သတ်သနည်း။ အကြောင်းမှာ သူ၏အကျင့်သည် ဆိုးညစ်၍ ညီဖြစ်သူ၏အကျင့်မှာ ဖြောင့်မတ်သောကြောင့်ဖြစ်၏။ Common Language Bible မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။ Garrad Bible မာရ် နတ် ဘက် သား ဖြစ်၍ ညီ ကို သတ် သော ကာ ဣ န ကဲ့ သို့ မ ဖြစ် စေ ရ။ အ ဘယ် ကြောင့် သတ် သ နည်း ဟု ဆို သော် ကိုယ့် အ ကျင့် အ ကြံ ဆိုး သွမ်း၍ ညီ၏ အ ကျင့် အ ကြံ ဖြောင့် မှန် သော ကြောင့် တည်း။ မြန်မာ့စံမီသမ္မာကျမ်း မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။ |
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
လယ်မှာမူ ဤလောကဖြစ်၏။ ကောင်းသော မျိုးစေ့မှာ ဘုရားသခင်၏နိုင်ငံတော်သားများဖြစ်၏။ ပေါင်းပင်များမှာ မာရ်နတ်၏ သားသမီးများဖြစ်၏။
သို့ဖြစ်၍ ဖြောင့်မတ်သူအာဗေလ၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား၌ သင်တို့သတ်ခဲ့သည့် ဗာရခိသား ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာပေါ်၌ ပရောဖက်ရှိသမျှတို့ ပေးဆပ်ခဲ့ရသောသွေးကြွေးကို သင်တို့ပြန်ဆပ်ရလိမ့်မည်။
ပိလတ်မင်းက တစ်ဖန် “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်ပြစ်မူကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်၍ မေးပြန်သော် လူထုက “လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟု ပို၍ အော်ဟစ်ကြ၏။
သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်၏၊’ မဟုတ်သည်ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထိုစကားတို့ထက် ပိုသောစကားသည် မာရ်နတ်ထံမှ လာသောစကား ဖြစ်၏။
ယေရှုက “ခမည်းတော်၏ ညွှန်ကြားချက်နှင့်အညီ ကောင်းသောအမှုများကို ငါပြခဲ့၏။ ထိုအမှုများထဲမှ မည်သည့်အမှုကြောင့် ငါ့ကို ခဲနှင့် ပေါက်သတ်ကြမည်နည်း” ဟု မေးတော်မူ၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ထံတော်မှ ကြားနာခဲ့ရသည့် သမ္မာတရားကို ဟောပြောသောငါ့ကို သတ်ရန် ရှာကြံကြ၏။ အာဗြဟံကမူ ထိုသို့မပြုခဲ့ပေ။
သင်တို့သည် သင်တို့ဖခင်၏ အကျင့်အတိုင်း ကျင့်ကြ၏” ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း “အကျွန်ုပ်တို့သည် တရားမဝင်သောသားသမီးများ မဟုတ်။ ဘုရားသခင်သည်သာလျှင် အကျွန်ုပ်တို့၏ ဖခင်စစ်ဖြစ်တော်မူ၏” ဟု ဆိုကြ၏။
သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။
ညီအစ်ကိုမောင်နှမတို့… ယေရှုခရစ်တော်ကို ယုံကြည်သည့် ယုဒပြည်၌ ရှိကြသော ဘုရားသခင်၏အသင်းတော်များ တွေ့ကြုံသကဲ့သို့ သင်တို့တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများလက်တွင် ထိုအသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခမျိုးကို သင်တို့သည်လည်း မိမိတို့လူမျိုးချင်း၏လက်တွင် ခံစားကြရ၏။
အာဗေလသည် ကာဣနထက် ပို၍ မြတ်သောယဇ်ကို ဘုရားသခင်အား ယုံကြည်ခြင်းဖြင့် ပူဇော်၏။ ဘုရားသခင်သည် အာဗေလ၏ အလှူကို နှစ်သက်လက်ခံတော်မူပြီး အာဗေလသည် ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူခြင်းခံရ၏။ အာဗေလသည် ကွယ်လွန်သော်လည်း ထိုယုံကြည်ခြင်းစံနမူနာဖြင့် ကျွန်ုပ်တို့အား ဟောပြောနေဆဲဖြစ်၏။
ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏ သွေးထက် ပို၍ မြတ်သောအရာကို မိန့်ဆိုသည့် ပက်ဖျန်းထားသောသွေးတော်ထံသို့ လည်းကောင်း ရောက်ကြ၏။
ယခုတွင် သင်တို့သည် ထိုသူတို့နှင့်အတူ အထိန်းအကွပ်မဲ့အပျော်ကြူးခြင်းတို့၌ မပါဝင်တော့သောကြောင့် သူတို့သည် အံ့သြလျက် သင်တို့ကို စော်ကားပြောဆိုကြ၏။
အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။
သူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ကာဣန၏လမ်းစဉ်သို့ လိုက်ကြပြီ။ ဗာလမ်သည် အခကြေးငွေကို ရလို၍ မှားယွင်းသကဲ့သို့ ဗာလမ်နည်းတူ အလျင်အမြန်မှားယွင်းကြပြီ။ ကောရကဲ့သို့ ပုန်ကန်သဖြင့် ပျက်စီးဆုံးရှုံးကြပြီ။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။