Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… လောကီသားတို့​သည် သင်တို့​ကို မုန်း​လျှင် မအံ့ဩကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ လော​က​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​လျှင်​မ​အံ့​သြ​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ညီ အစ် ကို တို့၊ သင် တို့ ကို ဤ လော က သား တို့ မုန်း ကြ လျှင် အံ့ သြ ခြင်း မ ရှိ ကြ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ညီ​အစ်​ကို​တို့၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို မုန်း​သော်​လည်း အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ညီအစ်ကို​တို့၊ လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် မ​အံ့ဩ​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:13
18 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​နောက်လိုက်များ​ဖြစ်​သောကြောင့် လူအပေါင်းတို့​သည် သင်တို့​ကို မုန်းတီးကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။


ထို့နောက် သင်တို့​သည် ငါ​၏ နောက်လိုက်များ​ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း​တွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း​နှင့် မုန်းတီးခြင်း​ကို ခံကြရ​လိမ့်မည်။


သင်တို့​သည် ငါ​၏​နောက်လိုက်များ​ဖြစ်သောကြောင့် လူအပေါင်းတို့​သည် သင်တို့​ကို မုန်းတီးကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။


ငါ​၏​နောက်လိုက်များ​ဖြစ်​သောကြောင့် လူအပေါင်းတို့​သည် သင်တို့​ကို မုန်းတီးကြ​လိမ့်မည်။


လူတို့​သည် လူသား​ကြောင့် သင်တို့​ကို မုန်းကြ​၍ ဝိုင်းပယ်ကဲ့ရဲ့​လျက် သင်တို့​၏​နာမည်​ကို ဖျက်ကြ​သောအခါ​၌​လည်း သင်တို့​သည် မင်္ဂလာ​ရှိကြ၏။


လူတို့​သည် သင်တို့​ကို ဂျူး​ဝတ်ပြုဆောင်များ​မှ ထုတ်ပယ်ကြ​လိမ့်မည်။ သင်တို့​ကို သတ်သောသူများ​က ထိုသို့​သတ်ခြင်း​သည် ဘုရားသခင်​၏​အမှုတော်​ကို ဆောင်ရွက်ခြင်း​ဖြစ်သည်​ဟု ခံယူသည့်​အချိန်ကာလ ရောက်လာ​လိမ့်မည်။


ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


အကျွန်ုပ်​သည် အဖ​၏​နှုတ်ကပတ်တော်​ကို သူတို့​အား ပေးအပ်ပါပြီ။ အကျွန်ုပ်​သည် လောက​နှင့် မသက်ဆိုင်​သကဲ့သို့ သူတို့​သည်လည်း လောက​နှင့် မသက်ဆိုင်ကြပါ။ ထို့ကြောင့် လောကီသားတို့​သည် သူတို့​ကို မုန်းကြ၏။


ထို့ကြောင့် ‘အသစ်တစ်ဖန်​မွေးဖွားခြင်း​ခံရမည်’ ဟု ငါ​ပြောသည်​ကို မအံ့သြနှင့်။


လောကီသားတို့​သည် သင်တို့​ကို မုန်းစရာ​အကြောင်း မရှိကြ။ ငါ့​ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါ​သည် သူတို့​၏ အကျင့်ဆိုးများ​ကို ဖော်ထုတ်ပြောဆို​သောကြောင့်​ဖြစ်၏။


ပေတရု​သည် ထို​အရာ​ကို မြင်​သောအခါ သူတို့​အား “အို အစ္စရေးလူမျိုးတို့… သင်တို့​သည် အဘယ်ကြောင့် ဤ​အဖြစ်အပျက်​ကို အံ့သြကြသနည်း။ ငါတို့​သည် ကိုယ့်​တန်ခိုး၊ ကိုယ့်​အကျင့်သီလ​ဖြင့် ဤ​သူ​အား​လမ်းလျှောက်​စေနိုင်သည့်​အလား အဘယ်ကြောင့် ငါတို့​အား ငေးမောကြည့်ကြသနည်း။


လူ့​ဗီဇစိတ်​နှင့်ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် ဘုရားသခင်​ကို အစဉ် ဆန့်ကျင်၏။ ထိုသို့ စွဲလမ်းသောသူ​သည် ဘုရားသခင်​၏ ပညတ်တရား​ကို မလိုက်နာ။ လိုက်နာ​နိုင်စွမ်း​လည်း မရှိ။


အမှန်ပင် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ဘုရားတရား​ကိုင်းရှိုင်း​လျက် နေထိုင်​လိုသူ​တိုင်း ညှဉ်းပန်း​နှိပ်စက်​ခံရ​လိမ့်မည်။


သစ္စာ​မရှိသော​သူတို့… လောက​နှင့်​မိတ်သဟာယဖွဲ့ခြင်း​သည် ဘုရားသခင်​နှင့် ရန်ဘက်​ပြုခြင်း​ဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောက​နှင့် မိတ်ဆွေ​ဖြစ်လိုသောသူ​သည် ဘုရားသခင်​၏ ရန်သူ​ဖြစ်၏။


ထိုအခါ ကောင်းကင်တမန်​က “အဘယ်ကြောင့် အံ့သြနေသနည်း။ ထို​အမျိုးသမီး​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာ​ကို​လည်းကောင်း၊ ထို​အမျိုးသမီး ထိုင်နေသော ခေါင်း​ခုနစ်လုံး​နှင့် ဦးချို​ဆယ်ချောင်း ရှိသည့် သားရဲ​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို​လည်းကောင်း ငါ​ပြောပြမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ