ထပ်မံ၍လည်း သေဆုံးကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ၏။ သူတို့သည် သေရာမှပြန်ရှင်ခွင့်ကို ခံစားရမည့် သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်၏သားသမီးများလည်း ဖြစ်ကြ၏။
၁ ယော 3:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခမည်းတော်သည် ကျွန်ုပ်တို့ကို မည်မျှချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကျွန်ုပ်တို့ကိုလည်း မသိကြ။ Common Language Bible ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။- Garrad Bible ဘု ရား သ ခင့် သား သ မီး များ ဟု ငါ တို့ အ ခေါ် ခံ ရ စေ ရန် ခ မည်း တော် သည် ငါ တို့ အ ပေါ်၌ မည် မျှ မေ တ္တာ ရှိ တော် မူ ကြောင်း ဆင် ခြင် ကြ လော့။ သား သ မီး များ မု ချ ဖြစ် သော ကြောင့် ဤ လော က သား တို့ သည် ကိုယ် တော် မှန်း မ သိ၍ ငါ တို့ ကို မ သိ မ မှတ် ကြ။ Judson Bible ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်း မသိကြ။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ဘုရားသခင်၏သားသမီးများဟုခေါ်ဝေါ်ခြင်းခံရရန် ခမည်းတော်သည် မည်မျှကြီးမားသောချစ်ခြင်းမေတ္တာကို ငါတို့အား ပေးတော်မူသည်ကို ဆင်ခြင်ကြလော့။ အမှန်ပင် ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကိုမသိသောကြောင့် ငါတို့ကိုလည်းမသိကြ။ |
ထပ်မံ၍လည်း သေဆုံးကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ၏။ သူတို့သည် သေရာမှပြန်ရှင်ခွင့်ကို ခံစားရမည့် သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်၏သားသမီးများလည်း ဖြစ်ကြ၏။
သို့ရာတွင် ထိုအရှင်သည် မိမိကိုယုံကြည်၍ လက်ခံသမျှသောသူတို့ကို ဘုရားသခင်၏ သားသမီးများဖြစ်ခွင့် ပေးတော်မူ၏။
ထိုဂျူးတစ်မျိုးသားလုံးအတွက်သာမက ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်ကြသော ဘုရားသခင်၏သားသမီးများ အားလုံးကိုလည်း ပေါင်းစည်းစေရန်အတွက်ပါ အသေခံတော်မူမည့်အကြောင်းကို ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
ဤသို့ပြုကြခြင်းမှာ သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဖြစ်၏။
တရားမျှတတော်မူသောအဖ… လောကီသားတို့သည် ကိုယ်တော်ကို မသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤတပည့်တော်တို့သိကြပါ၏။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
သို့သော် ကျွန်ုပ်တို့ အပြစ်သားများဖြစ်နေစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ခရစ်တော်ကို အသေခံရန် စေလွှတ်တော်မူခြင်းအားဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား သက်သေပြတော်မူ၏။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
သို့သော် ဖန်ဆင်းခံလောကသည် သေခြင်းနှင့် ပုပ်သိုးဆွေးမြည့်ခြင်း၏အနှောင်အဖွဲ့မှ ကင်းလွတ်၍ ဘုရားသခင်၏ သားသမီးများနှင့်အတူ ဘုန်းအသရေနှင့် ပြည့်သော လွတ်လပ်ခွင့် ခံစားရမည့်နေ့ရက်ကို မျှော်လင့်လျက် နေ၏။
ကျွန်ုပ်တို့အားလုံးအတွက် မိမိသားတော်ရင်းကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်သည် ထိုသားတော်နှင့်တကွ ရှိသမျှအရာခပ်သိမ်းကိုလည်း ကျွန်ုပ်တို့အား မပေးဘဲ နေတော်မူမည်လော။
ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
သင်တို့သည် ခရစ်တော်နှင့် သက်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ဘုရားသခင်ကတိပြုတော်မူသည့်အတိုင်း အမွေခံများဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သေ၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်ထံ၌ ဝှက်ထားသောကြောင့် ဖြစ်၏။
ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြား၍ သိနိုင်ကြ၏။ ဖြောင့်မတ်စွာ မပြုမူသောသူ၊ မိမိညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။
ကျွန်ုပ်တို့သည် ဤလောကတွင် ကိုယ်တော်ကဲ့သို့ ဖြစ်ကြ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံနေသောကြောင့် တရားစီရင်တော်မူရာနေ့၌ စိတ်ချယုံကြည်မှု ရှိကြလိမ့်မည်။
အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။