ထိုသို့ သိလျှင်သိချင်း ယောဟန်မာကု၏မိခင်ဖြစ်သူ မာရိအိမ်သို့ သွားလေ၏။ ထိုနေရာတွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။
၁ ပေ 5:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့နှင့်အတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိ အသင်းတော်နှင့် ကျွန်ုပ်သား မာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်၏။ Common Language Bible ဘုရားသခင်ရွေးချယ်တော်မူခြင်းကို သင်တို့ နည်းတူခံရသည့်ဗာဗုလုန်မြို့အသင်းတော် ဝင်တို့ကသင်တို့အားနှုတ်ဆက်လိုက်၏။ ငါ့ သားမာကုကလည်းနှုတ်ဆက်လိုက်၏။- Garrad Bible ငါ့ သား မာ ကု မှ စ၍ သင် တို့ ကဲ့ သို့ ရွေး ကောက် တော် မူ ပြီး သော ဗာ ဗု လုန် မြို့ ရှိ အ သင်း တော် က သင် တို့ ကို နှုတ် ဆက် လိုက်၏။ Judson Bible ငါ့သားမာကုမှစ၍ ဗာဗုလုန်မြို့၌ရှိသော သင်တို့နှင့်အတူ ရွေးချယ်တော်မူသော အသင်းတော်သည် သင်တို့ကို နှုတ်ဆက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့နည်းတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိအသင်းတော်နှင့် ငါ့သားမာကုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ |
ထိုသို့ သိလျှင်သိချင်း ယောဟန်မာကု၏မိခင်ဖြစ်သူ မာရိအိမ်သို့ သွားလေ၏။ ထိုနေရာတွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။
ထို့နောက် ဗာနဗနှင့် ရှောလုသည် ဆောင်ရွက်စရာအမှုများကို အပြီးသတ်ပြီးလျှင် ယောဟန်မာကုကို မိမိတို့နှင့်တကွ ခေါ်ခဲ့၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
ဤသို့ သဘောထားကွဲလွဲမှု ပြင်းထန်လာသဖြင့် သူတို့လမ်းခွဲကြကာ ဗာနဗသည် မာကုကို ခေါ်၍ ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်လေ၏။
ကျွန်ုပ်နှင့်အတူ အကျဉ်းချခံရသော အာရိတ္တာခုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဗာနဗ၏ညီဝမ်းကွဲ မာကုတို့သည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့ ရောက်လာလျှင် ညွှန်ကြားထားသည့်အတိုင်း သူ့ကို ကြိုဆိုကြလော့။
ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည်လည်း သင့်ကို နှုတ်ဆက်လိုက်ပါ၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။
ဘုရားသခင် ရွေးကောက်တော်မူသော သင့်ညီမ၏ သားသမီးတို့သည် သင့်အား နှုတ်ဆက်လိုက်ကြ၏။ ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
သူ၏နဖူးပေါ်၌ “ပြည့်တန်ဆာတို့နှင့် ကမ္ဘာလောကရှိ စက်ဆုပ်ရွံရှာဖွယ်ရာတို့၏ မိခင်၊ ဘေဘီလုံမြို့ကြီး” ဟူသော လျှို့ဝှက်နက်နဲသည့်အမည်ကို ရေးထား၏။
ထိုကောင်းကင်တမန်က “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤမြို့သည် နတ်ဆိုးတို့ နေထိုင်ရာအရပ်၊ ညစ်ညမ်းသောနတ်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းသောငှက်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းမုန်းတီးဖွယ်တိရစ္ဆာန်တို့ ခိုအောင်းရာအရပ် ဖြစ်လေပြီ။