ယုံကြည်သူများ အကူအညီ လိုအပ်သောအခါ ကူညီရန် အသင့်ရှိကြလော့။ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုကြလော့။
၁ ပေ 4:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မညည်းညူဘဲ အချင်းချင်းဧည့်ဝတ်ပြုကြလော့။ Common Language Bible သင်တို့သည်မညည်းမညူဘဲအချင်းချင်း အားကျေပွန်စွာဧည့်ဝတ်ပြုကြလော့။- Garrad Bible တစ် ယောက် ကို တစ် ယောက် မ ညည်း ညူ ဘဲ ဧည့် ဝတ် ပြု ကြ လော့။ Judson Bible မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ညည်းညူခြင်းမရှိဘဲ အချင်းချင်းဧည့်ဝတ်ကျေပွန်ကြလော့။ |
ယုံကြည်သူများ အကူအညီ လိုအပ်သောအခါ ကူညီရန် အသင့်ရှိကြလော့။ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုကြလော့။
ကျွန်ုပ်နှင့် အသင်းသားအပေါင်းတို့ကို ဧည့်ခံသော အိမ်ရှင်ဂါယုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ကျွန်ုပ်တို့၏ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
လူတိုင်း မိမိစိတ်ထဲ၌ လှူဒါန်းရန် ဆုံးဖြတ်ထားသည့်အတိုင်း လှူဒါန်းသင့်၏။ နှမြောသောစိတ်ဖြင့် သော်လည်းကောင်း၊ ဝတ္တရားအရဟူသောစိတ်ဖြင့်သော်လည်းကောင်း မလှူဒါန်းရ။ ဘုရားသခင်သည် စေတနာစိတ်ဖြင့် ရက်ရောစွာ လှူဒါန်းသောသူကို နှစ်သက်တော်မူ၏။
သင်းအုပ်သည် အပြစ်ဆိုဖွယ်မရှိသူ၊ မယားတစ်ယောက်တည်းရှိသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။
သူသည် ဧည့်ဝတ်ကျေသူ၊ ကောင်းမှုကို မြတ်နိုးသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ ဖြောင့်မတ်သူ၊ သန့်ရှင်းသူ၊ ဣန္ဒြေစောင့်သူ ဖြစ်ရမည်။
သို့သော် သင်၏ ခွင့်ပြုချက်မရဘဲ မည်သည့်အရာကိုမျှ ကျွန်ုပ်မပြုလိုပါ။ သို့မှသာ သင်ပေးသောအကူအညီသည် အတင်းအကျပ်စေခိုင်း၍ ကူညီရခြင်းမျိုးမဟုတ်ဘဲ ဆန္ဒအရကူညီခြင်း ဖြစ်လိမ့်မည်။
ကောင်းမှုပြုရန်နှင့် သူတစ်ပါးကို ကူညီရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောယဇ်ပူဇော်ခြင်းကို ဘုရားသခင်နှစ်သက်တော်မူသောကြောင့် ဖြစ်၏။
သူစိမ်းတို့အား ဧည့်ဝတ်ပြုရန် မမေ့လျော့နှင့်။ ထိုသို့ပြုသောသူ တချို့သည် မသိမှတ်ဘဲ ကောင်းကင်တမန်များကိုပင် ဧည့်ခံခဲ့ကြပြီ။
ညီအစ်ကိုမောင်နှမတို့… အပြစ်စီရင်ခြင်း မခံရရန် အချင်းချင်း အပြစ်တင်၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သောအရှင်သည် တံခါးဝတွင် ရပ်နေတော်မူ၏။