အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ပေ 3:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကောင်းမှု​ပြုခြင်း​အတွက် ဆင်းရဲဒုက္ခ​ခံစားရခြင်း​သည် ဘုရားသခင်​၏​အလိုတော်​ဖြစ်​ပါက ၎င်း​သည် မကောင်းမှု​ပြု​၍ ဆင်းရဲဒုက္ခ​ခံစားရခြင်း​ထက် ပို၍​ကောင်း၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သု​စ​ရိုက်​ကို​ပြု​သ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခြင်း သည်​ဘု​ရား​သ​ခင်​၏​အလို​တော်​အ​ရ​ဖြစ်​လျှင် ယင်း​သည်​ဒု​စ​ရိုက်​ကို​ပြု​ခြင်း​ထက်​ပို​၍ ကောင်း​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရား သ ခင် အ လို တော် ရှိ လျှင် အ ဆိုး ကျင့် ပြု ကျင့် သည့် အ တွက် ထက် အ ကောင်း ပြု ကျင့် သည့် အ တွက် ဒု က္ခ ခံ ရ သော် သာ ၍ ကောင်း ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဘု​ရား​သ​ခင့် အ​လို​တော်​ရှိ​လျှင်၊ သု​စ​ရိုက်​ကို​ပြု၍ ဆင်း​ရဲ​ခံ​ခြင်း​သည်၊ ဒု​စ​ရိုက်​ကို​ပြု၍ ခံ​ခြင်း​ထက် သာ၍​ကောင်း၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ဘုရားသခင်​အလို​တော်​ရှိ​လျှင် မကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​ထက် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​သည် သာ၍​ကောင်း​၏။

အခန်းကိုကြည့်ပါ။



၁ ပေ 3:17
10 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် ရှေ့​သို့ အနည်းငယ် သွား​၍ မြေ​ပေါ်​တွင် ပျပ်ဝပ်တော်မူ​ပြီးလျှင် “အကျွန်ုပ်​၏​အဖ… ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်​၏ အလိုဆန္ဒ​အရ​မဟုတ်ဘဲ ကိုယ်တော်​၏ အလိုတော်​အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


တစ်ဖန် ယေရှု​သည် ဒုတိယ​အကြိမ်​ကြွတော်မူ​၍ “အကျွန်ုပ်​၏​အဖ… ဤ​ဒုက္ခ​ဝေဒနာ​ခွက်​ကို အကျွန်ုပ်​မသောက်ဘဲ ဖယ်ရှား​ရန် မဖြစ်နိုင်ပါ​က အဖ​၏​အလိုတော်​အတိုင်း​သာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


“ဘုရားသခင်​၏​အလိုတော်​ရှိ​လျှင် သင်တို့​ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့​အား နှုတ်ဆက်​ပြီးလျှင် ပြစ်ကိလ​နှင့် အာကုလ​တို့​ကို ဧဖက်မြို့​၌ ထားခဲ့​၍ ရွက်လွှင့်လေ၏။


ကျွန်ုပ်တို့​သည် ပေါလု​အား တောင်းပန်ပြောဆို​၍ မရ​သောအခါ တိတ်ဆိတ်​စွာ နေ​လျက် “ဘုရားသခင်​၏​အလိုတော်​အတိုင်းသာ ဖြစ်ပါစေ” ဟု ဆိုကြ၏။


ယခု​တွင်မူ သင်တို့​သည် ဆင်းရဲဒုက္ခ​အမျိုးမျိုး​ကြောင့် ခေတ္တ​ခဏ​မျှ ဝမ်းနည်းကြ​ရ​သော်လည်း အထက်ပါ​အကြောင်းအရာ​ကြောင့် ဝမ်းမြောက်ကြ၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ကောင်းမှု​ပြုခြင်း​ဖြင့် မိုက်မဲသော​သူတို့​၏ အသိဉာဏ်​မဲ့သော​စကား​ကို တိတ်ဆိတ်​စေရန် ဘုရားသခင်​အလိုရှိတော်မူ​သောကြောင့်​ဖြစ်၏။


သင်တို့​သည် ပြစ်မှား​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် မည်သည့်​ဂုဏ်ယူစရာ​ရှိမည်နည်း။ သို့သော် ကောင်းမှု​ပြု​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် ဘုရားသခင်​ရှေ့တော်​၌ ချီးကျူးထိုက်ဖွယ်​ဖြစ်၏။


ဖြောင့်မတ်​စွာ ပြုမူခြင်း​အတွက် ဆင်းရဲဒုက္ခ​ခံစားရ​လျှင်ပင် သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ လူတို့​၏ ခြိမ်းခြောက်မှု​ကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။


သင်တို့ ဆင်းရဲဒုက္ခ​ခံရ​လျှင်ပင် မည်သူ​မျှ လူသတ်မှု၊ ခိုးမှု၊ ဒုစရိုက်မှု၊ သူတစ်ပါး​အမှု​၌ စွက်ဖက်မှုတို့​ကြောင့် ဆင်းရဲဒုက္ခ​ခံရခြင်း မဖြစ်စေနှင့်။


ထို့ကြောင့် ဘုရားသခင်​၏ အလိုတော်​အရ ဆင်းရဲဒုက္ခ​ခံရသော​သူတို့​သည် မိမိတို့​၏ စိတ်ဝိညာဉ်​ကို သစ္စာရှိသော​ဖန်ဆင်းရှင်​ထံ အပ်နှံ​ပြီး ကောင်းမှု​ကို ဆက်​၍​ပြုသင့်၏။