လေးလံသောဝန်ကိုထမ်း၍ ပင်ပန်းနေသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းအေးချမ်းသာမှုကို ပေးမည်။
၁ ပေ 2:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့၏ငြင်းပယ်ခြင်းကို ခံရသော်လည်း အဖိုးတန်သောအရာအဖြစ် ဘုရားသခင်ရွေးချယ်တော်မူသည့် အသက်ရှင်သောကျောက်ဖြစ်သည့် ခရစ်တော်ထံသို့ သင်တို့လာကြ၏။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားသခင်၏ထံတော် သို့လာကြလော့။ ထိုသခင်သည်သက်ရှိကျောက် ဖြစ်တော်မူ၏။ ထိုကျောက်သည်အဖိုးမတန် ဟုဆို၍ လူတို့ပစ်ပယ်ခံရသော်လည်းဘုရား သခင်၏ရွေးချယ်ခံအဖိုးတန်ကျောက်ဖြစ် တော်မူ၏။- Garrad Bible လူ တို့ ပယ် ထား ကြ သော် လည်း ဘု ရား သ ခင် ရွေး ကောက် တော် မူ ရာ သက် ရှင် ကျောက် မြတ် တည်း ဟူ သော ထို အ ရှင် ဘု ရား ထံ သင် တို့ ရောက် လာ ကြ ပြီး လျှင် Judson Bible လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြတ်တည်းဟူသော ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊- မြန်မာ့စံမီသမ္မာကျမ်း လူတို့၏ငြင်းပယ်ခြင်းကိုခံရသော်လည်း ဘုရားသခင်ရွေးကောက်တော်မူသော အဖိုးထိုက်သည့် အသက်ရှင်သောကျောက်ဖြစ်တော်မူသော ထိုသခင်ထံသို့လာ၍ |
လေးလံသောဝန်ကိုထမ်း၍ ပင်ပန်းနေသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းအေးချမ်းသာမှုကို ပေးမည်။
“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
ထိုအခါ ယေရှုက “ကျမ်းစာ၌ ‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်စိရှေ့၌လည်း အံ့ဖွယ်ဖြစ်၏’ ဟု ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
အဘယ်ကြောင့်ဆိုသော် ခမည်းတော်သည် မိမိ၌ အသက်ပေးပိုင်သောတန်ခိုးရှိတော်မူသည့်အတိုင်း ထိုအသက်ပေးပိုင်သောတန်ခိုးကို သားတော်အားလည်း ပေးတော်မူသောကြောင့်ဖြစ်၏။
ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။
အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏။ ထိုကဲ့သို့ပင် ငါ့အသားကို စားသောသူသည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
ဘုရားသခင်၏ ရန်သူဖြစ်စဉ်ကပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်ုပ်တို့ရရှိလျှင် ပြန်လည်သင့်မြတ်ခွင့်ကို ရရှိပြီးသော ကျွန်ုပ်တို့သည် သားတော်အသက်ရှင်ခြင်းအားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ချထားခဲ့ပြီးသည့် ယေရှုခရစ်တော်ဟူသော အုတ်မြစ်မှတစ်ပါး အခြားသောအုတ်မြစ်ကို မည်သူကမျှ မချနိုင်သောကြောင့်ဖြစ်၏။
သင်တို့၏ အသက်ဖြစ်သော ခရစ်တော် ပြန်ကြွလာ၍ ထင်ရှားသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလိမ့်မည်။
အပြစ်အနာဆာနှင့် အစွန်းအထင်းကင်းသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အဖိုးတန်သည့် အသွေးတော်ဖြင့် ရွေးနုတ်တော်မူ၏။
ဤဆင်းရဲဒုက္ခအမျိုးမျိုးကို ခံရခြင်းသည် သင်တို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို ဖော်ပြရန်ဖြစ်၏။ ပျက်စီးနိုင်သည့်ရွှေကိုပင်လျှင် မီးဖြင့် သန့်စင်၍စစ်ဆေးရ၏။ စစ်မှန်သည့်ယုံကြည်ခြင်းသည် ထိုရွှေထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းစစ်မှန်လျှင် ယေရှုခရစ်တော် ကြွလာသောအချိန်တွင် သင်တို့သည် ချီးမွမ်းခံရလျက် ဘုန်းအသရေနှင့် ဂုဏ်အသရေကို ရရှိကြလိမ့်မည်။
ထို့ကြောင့် ယုံကြည်သောသင်တို့အတွက် ဤကျောက်သည် ဂုဏ်သရေရှိ၏။ မယုံကြည်သောသူတို့အတွက်မှာမူ “တိုက်ဆောက်သူတို့ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက်ဖြစ်လာ၏” ဟု ဆို၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။
ကိုယ်တော်သည် မိမိ၏ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းအားဖြင့် အဖိုးတန်၍ ကြီးမြတ်သောကတိတော်ကို ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဤသည်မှာ ထိုကတိတော်အားဖြင့် သင်တို့အား ဤလောကီတပ်မက်ခြင်းကြောင့် ဖြစ်သည့်ပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဖြစ်ခြင်းသဘော၌ ပါဝင်ပတ်သက်လာစေရန်ဖြစ်၏။