Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 3:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ချထားခဲ့ပြီးသည့် ယေရှု​ခရစ်တော်​ဟူသော အုတ်မြစ်​မှတစ်ပါး အခြားသော​အုတ်မြစ်​ကို မည်သူ​က​မျှ မချနိုင်​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော​ချ​ထား​ပြီး​တိုက် မြစ်​မှ​တစ်​ပါး အ​ခြား​တိုက်​မြစ်​ကို​အ​ဘယ် သူ​မျှ​မ​ချ​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ယေ ရှု ခ ရစ် တည်း ဟူ သော ချ ထား ပြီး တိုက် မြစ် မှ တစ် ပါး မည် သူ မျှ မ ချ နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော၊ ချ​လျက်​ရှိ​သော တိုက်​မြစ်​မှ​တစ်​ပါး အ​ခြား​သော​တိုက်​မြစ်​ကို အ​ဘယ်​သူ​မျှ မ​ချ​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကြောင်းမူကား ယေရှု​ခရစ်တော်​တည်းဟူသော ချ​ထား​ပြီး​ဖြစ်​သည့်​အုတ်မြစ်​မှတစ်ပါး အခြား​သော​အုတ်မြစ်​ကို မည်သူမျှ​မ​ချ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 3:11
11 ပူးပေါင်းရင်းမြစ်များ  

သင့်​အား ငါ​ပြောဆိုသည်​မှာ သင်​သည် ကျောက်​ဟု အဓိပ္ပာယ်ရသော​ပေတရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်တွင် ငါ​၏ အသင်းတော်​ကို တည်ဆောက်မည်။ မရဏ​နိုင်ငံ​၏​တံခါးများ​ပင် ထို​အသင်းတော်​ကို အောင်နိုင်​လိမ့်မည်​မဟုတ်။


ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​အားဖြင့် ကျွန်ုပ်​သည် ဗိသုကာ​ပညာရှင်​ကဲ့သို့ အုတ်မြစ်​ကို ချထား၏။ ယခု​တွင် အခြားသူ​သည် ထို​အုတ်မြစ်​ပေါ်​၌ တည်ဆောက်နေပြီ​ဖြစ်၏။ သို့ရာတွင် ထို​အုတ်မြစ်​ပေါ်၌ တည်ဆောက်သော​သူ​တိုင်း အလွန် ဂရုစိုက်​ရမည်​ဖြစ်၏။


ထို​အုတ်မြစ်​ပေါ်တွင် တည်ဆောက်သောသူ​တိုင်း​သည် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုး​စသည်တို့​ကို အသုံးပြု​၍ တည်ဆောက်​လိမ့်မည်။


သင်တို့​သည် တမန်တော်များ​နှင့် ပရောဖက်များ​၏ အုတ်မြစ်​ပေါ်တွင် တည်ဆောက်သော အဆောက်အအုံ​ကဲ့သို့ ဖြစ်ကြပြီး ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။


သို့ရာတွင် ဘုရားသခင်​ချထားတော်မူသည့် ခိုင်မာသော​အုတ်မြစ်​သည် ခိုင်ခံ့​မြဲမြံပြီး ဤ​အုတ်မြစ်​ပေါ်တွင် “ဘုရားသခင်​သည် မိမိ​လူတို့​ကို သိတော်မူ၏” ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​၏​လူ​ဖြစ်ကြောင်း ဝန်ခံသောသူတို့​သည် မကောင်းမှု​ကို စွန့်ရမည်” ဟူ၍​လည်းကောင်း တံဆိပ်ခတ်​ရေးထိုးထား၏။


လူတို့​၏​ငြင်းပယ်ခြင်း​ကို ခံရ​သော်လည်း အဖိုးတန်သော​အရာ​အဖြစ် ဘုရားသခင်​ရွေးချယ်တော်မူသည့် အသက်ရှင်သော​ကျောက်​ဖြစ်သည့် ခရစ်တော်​ထံသို့ သင်တို့​လာကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ