သင်တို့အား ငါအမှန် ဆိုရလျှင် ကောင်းကင်နှင့်မြေကြီး မကွယ်ပျောက်မချင်း ဘုရားသခင်၏ ပညတ်ကျမ်းထဲ၌ရှိသည့် အသေးငယ်ဆုံးသော အက္ခရာတစ်လုံးမျှ မကွယ်ပျောက်ရ။ ထိုကျမ်းတွင် ဖော်ပြသမျှသောအရာတို့သည် ဖြစ်လာရမည်။
၁ ပေ 1:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အစဉ်အမြဲတည်၏” ဟု ဆိုထား၏။ ဤနှုတ်ကပတ်တော်မှာ သင်တို့အားဟောပြောသော သတင်းကောင်းဖြစ်၏။ Common Language Bible ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ထာဝစဉ်တည်၏'' ဟူ၍ကျမ်းစာ၌ဖော်ပြသည့်အတိုင်းဖြစ် သည်။ ထိုနှုတ်ကပတ်တော်ကားသင်တို့အား ကြေညာသည့်သတင်းကောင်းဖြစ်ပေသည်။ Garrad Bible သင် တို့ အား ကြား ပြော ပြီး ဖြစ် သော နှုတ် က ပတ် တော် ဟု ဆို လို သ တည်း။ Judson Bible ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။ ထိုနှုတ်ကပတ်တော်သည်၊ သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက်တည်၏။ ဤနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသည့် ကောင်းမြတ်သောသတင်းပင်ဖြစ်၏။ |
သင်တို့အား ငါအမှန် ဆိုရလျှင် ကောင်းကင်နှင့်မြေကြီး မကွယ်ပျောက်မချင်း ဘုရားသခင်၏ ပညတ်ကျမ်းထဲ၌ရှိသည့် အသေးငယ်ဆုံးသော အက္ခရာတစ်လုံးမျှ မကွယ်ပျောက်ရ။ ထိုကျမ်းတွင် ဖော်ပြသမျှသောအရာတို့သည် ဖြစ်လာရမည်။
သို့ရာတွင် ပညတ်ကျမ်းထဲမှ အသေးငယ်ဆုံးသောအက္ခရာတစ်လုံး ပျက်စီးရန်ထက် ကောင်းကင်နှင့်မြေကြီး ပျက်စီးရန် ပို၍လွယ်ကူ၏။
နှုတ်ကပတ်တော်သည် အစဦးကပင် ရှိတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သော ယေရှုခရစ်တော်၏အကြောင်းမှလွဲ၍ အခြားမည့်သည့်အရာကိုမျှ မသိသကဲ့သို့နေရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ကိုယ်တော်သည် ကြွလာ၍ ဘုရားသခင်နှင့် ဝေးကွာသော လူမျိုးခြား သင်တို့ကိုလည်းကောင်း၊ နီးသော ဂျူးလူမျိုးတို့ကိုလည်းကောင်း ငြိမ်းချမ်းခြင်းနှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ဘုရားသခင်သည် အချိန်တန်သောအခါ လူ၏ဟောပြောခြင်းနည်းဖြင့် တရားတော်ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်သည် ကယ်တင်ရှင်ဘုရားသခင်၏ အမိန့်တော်ဖြင့် ဤတရားတော်ကို ဟောပြော၏။
ထို့ပြင် ထိုသူတို့သည် ဘုရားသခင်၏ ကောင်းမြတ်သော နှုတ်ကပတ်တော်နှင့် အနာဂတ်ကာလ၏တန်ခိုးတို့ကို မြည်းစမ်းခဲ့ကြ၏။
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။
ထို့ပြင် အပြည့်အဝယုံကြည်စိတ်ချရသော ပရောဖက်ပြုဟောပြောချက်များလည်း ကျွန်ုပ်တို့၌ရှိ၏။ ထိုဟောပြောချက်များသည် သင်တို့နှလုံးသား၌ အရုဏ်တက်၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်တိုင်အောင် အမှောင်အရပ်တွင် လမ်းပြထွန်းလင်းနေသည့်ဆီမီးသဖွယ် ဖြစ်သောကြောင့် သင်တို့သည် ထိုဟောပြောချက်များကို ကောင်းစွာ ဂရုစိုက်ရမည်။
အစဦးကပင် ရှိနေ၍ ကျွန်ုပ်တို့ကြားရသောအရာ၊ ကျွန်ုပ်တို့မျက်စိဖြင့် မြင်ရသောအရာ၊ ကျွန်ုပ်တို့ကြည့်ရှု၍ လက်ဖြင့် ထိတွေ့ခဲ့သောအရာဖြစ်သည့် အသက်တော်တည်းဟူသော နှုတ်ကပတ်တော်အကြောင်းကို သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်၏။
ကျွန်ုပ်တို့မြင်ရ၊ ကြားရသော အရာများကို သင်တို့အား ပြောပြရခြင်းမှာ သင်တို့သည် ကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့စေရန် ဖြစ်၏။ ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းမှာ ခမည်းတော်နှင့်လည်းကောင်း၊ သားတော် ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။
ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်ကြသောသူများဟူသော တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် လူမျိုးအသီးသီးတို့အား ထာဝရသတင်းကောင်းကို ဟောပြောရန် ကောင်းကင်အလယ်၌ ပျံသန်းနေသည်ကို ကျွန်ုပ်မြင်ရ၏။