ထို့နောက် သူတို့အား “သတိပြုလော့။ အမျိုးမျိုးသော လောဘတို့ကို သတိနှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး၏အသက်သည် စည်းစိမ်ကြွယ်ဝချမ်းသာမှုပေါ်တွင် မူတည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
၁ တိ 6:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ရောင့်ရဲစိတ်ဖြင့် ဘုရားတရားကိုင်းရှိုင်းခြင်းသည် ကြီးမားသောအကျိုးစီးပွားပင် ဖြစ်၏။ Common Language Bible ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။- Garrad Bible မု ချ အား ဖြင့် ရောင့် ရဲ ခြင်း ရှိ လျှင် ဘု ရား ကြည် ညို ဝတ်၌ ကြီး စွာ သော အ ကျိုး စီး ပွား ရှိ ၏။ Judson Bible ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကျေနပ်တင်းတိမ်မှုဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားပင်ဖြစ်၏။ |
ထို့နောက် သူတို့အား “သတိပြုလော့။ အမျိုးမျိုးသော လောဘတို့ကို သတိနှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး၏အသက်သည် စည်းစိမ်ကြွယ်ဝချမ်းသာမှုပေါ်တွင် မူတည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
ရောမစစ်သားများကလည်း “ကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။ ယောဟန်က “မည်သူ့ထံမျှ ငွေကို ခြိမ်းခြောက်၍ မတောင်းယူနှင့်။ သူတစ်ပါးကို မတရားမစွပ်စွဲနှင့်။ မိမိရသောလစာနှင့် ရောင့်ရဲကြလော့” ဟု ဆို၏။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့ ခဏတာခံရသည့် ပေါ့ပါးသောဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အတွက် အလွန်ထူးမြတ်သော ထာဝရဘုန်းအသရေကို ဖြစ်ပွားစေ၏။
ကျွန်ုပ်အတွက်ဆိုရလျှင် အသက်ရှင်ခြင်းသည် ခရစ်တော်အတွက်ဖြစ်၏။ သေခြင်းဖြစ်လျှင် ပို၍ အကျိုးရှိ၏။
ကိုယ်ကာယလေ့ကျင့်ခန်းသည် အနည်းငယ်သာ အကျိုးရှိသော်လည်း ဘုရားတရားကိုင်းရှိုင်းခြင်းမှာမူ အရာရာ၌ အကျိုးရှိ၏။ သင်တို့သည် ယခုဘဝ၊ နောင်ဘဝတွင် ဘုရားသခင်ကတိပြုတော်မူသော အကျိုးကို ရရှိမည်။
အသက်ရှင်နေထိုင်ရာတွင် ငွေမမက်ဘဲ ရှိသည့်အရာနှင့် ရောင့်ရဲလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က “ငါသည် သင်တို့ကို မည်သည့်အခါမျှ ထားခဲ့မည်မဟုတ်။ မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်” ဟု မိန့်တော်မူခဲ့သောကြောင့်ဖြစ်၏။