သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးတို့အား သက်သေခံ၍ ဟောပြောလေ၏။
၁ တိ 5:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင့်ကို မကြာခဏ မကျန်းမမာဖြစ်စေသည့် သင်၏အစာအိမ်ရောဂါကြောင့် ရေကိုသာ မသောက်ဘဲ စပျစ်ဝိုင်အနည်းငယ်ကိုလည်း သောက်လော့။ Common Language Bible သင်သည်မကြာခဏဖျားနာတတ်သည်ဖြစ်၍ ရေကိုသာလျှင်မသောက်ဘဲအစာကြေစေရန် စပျစ်ရည်အနည်းငယ်ကိုသုံးဆောင်လော့။ Garrad Bible နောက် နောင် ရေ ကို သာ မ သောက် ဘဲ သင့် အ စာ အိမ် မှ စ၍ အ ကြိမ် ကြိမ် မ ကျန်း မ မာ ရှိ ရ ခြင်း အ တွက် စ ပျစ် ရည် အ နည်း ငယ် သုံး ဆောင် လော့။ Judson Bible သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှာလည်းကောင်း၊ မကြာမကြာခံရသော ရောဂါကြောင့်လည်းကောင်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်းငယ်ကို သုံးလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်၏အစာအိမ်နှင့် သင်၌မကြာခဏဖြစ်သော နာမကျန်းဖြစ်ခြင်းတို့အတွက် ရေကိုသာမသောက်တော့ဘဲ အနည်းငယ်သောစပျစ်ဝိုင်ကိုလည်း သုံးဆောင်လော့။ |
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးတို့အား သက်သေခံ၍ ဟောပြောလေ၏။
ဘဝပျက်စေသော သောက်စားမူးယစ်ခြင်းကို ရှောင်ကြဉ်၍ သင်တို့၏ ဘဝကို ဝိညာဉ်တော်နှင့် ပြည့်ဝစေကြလော့။
သူသည် သောက်စားမူးယစ်သူ၊ ခက်ထန်ကြမ်းကြုတ်သူ၊ ခိုက်ရန်ဖြစ်ပွားသူ၊ ငွေမက်သူမဟုတ်ဘဲ ထောက်ထားညှာတာသူ ဖြစ်ရမည်။
ထိုနည်းတူ သင်းထောက်တို့သည် ကိုယ်ကျင့်တရားကောင်းသူ ဖြစ်ရမည်။ လျှာနှစ်ခွဖြင့် ပြောဆိုတတ်သူ၊ သေရည်သေရက်သောက်ကြူးသူ၊ မသမာနည်းဖြင့် ငွေရှာသူမဖြစ်ရ။
ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းလျက် စားသုံးသည်ကို မတားမြစ်သင့်ပါ။
သင်းအုပ်သည် ဘုရားသခင်၏ အမှုတော်တွင် စီမံခန့်ခွဲသူဖြစ်၏။ ထို့ကြောင့် သူသည် အပြစ်ကင်းသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စားမူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်းဖြင့် ငွေရှာသူ မဖြစ်ရ။
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဘုရားတရားကြည်ညို၍ အတင်းအဖျင်းမပြောသူ၊ သေရည်သေရက်သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသောအရာများကို သင်ပေးတတ်သူ ဖြစ်ရန် အကြံပေးလော့။