ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
၁ တိ 5:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ကြီးသောအမျိုးသမီးများကို မိခင်ကဲ့သို့လည်းကောင်း၊ အသက်ငယ်သောအမျိုးသမီးများကို နှမကဲ့သို့လည်းကောင်း စင်ကြယ်စွာ ပြုမူဆက်ဆံလော့။ Common Language Bible သင့်ထက်အသက်ကြီးသောအမျိုးသမီးတို့ အားသင်၏မိခင်ကဲ့သို့လည်းကောင်း၊ သင့်ထက် အသက်ငယ်သောအမျိုးသမီးတို့အားသင်၏ နှမများကဲ့သို့လည်းကောင်းလုံးဝဖြူစင် သောစိတ်နှင့်ဆက်ဆံလော့။ Judson Bible အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့်တကွ၊ နှမကဲ့သို့လည်းကောင်း မှတ်၍ ကျင့်လော့။- မြန်မာ့စံမီသမ္မာကျမ်း အသက်ကြီးသောအမျိုးသမီးတို့ကို မိခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးတို့ကို ဖြူစင်သန့်ရှင်းသောစိတ်အပြည့်အဝဖြင့် နှမကဲ့သို့လည်းကောင်း မှတ်၍ တိုက်တွန်းနှိုးဆော်လော့။ |
ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… မှန်ကန်သောအရာ၊ ဂုဏ်သရေရှိသောအရာ၊ ဖြောင့်မတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ကောင်းမြတ်၍ ချီးမွမ်းဖွယ်ဖြစ်သည့် နှစ်လိုဖွယ်ကောင်းသောအရာ ဟူသမျှတို့ကို နှလုံးသွင်းကြလော့။
သင်၏အသက်ငယ်ရွယ်သည်ကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် ယုံကြည်သူတို့အတွက် စံနမူနာဖြစ်စေလော့။
အသက်ကြီးသောအမျိုးသားများကို မဆူပူမကြိမ်းမောင်းဘဲ မိမိဖခင်ကဲ့သို့ အကြံပြု တိုက်တွန်းလော့။ အသက်ငယ်သောအမျိုးသားများကို မိမိညီများကဲ့သို့ ဆက်ဆံလော့။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။