Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 အသက်ကြီးသော​အမျိုးသားများ​ကို မဆူပူ​မကြိမ်းမောင်းဘဲ မိမိ​ဖခင်​ကဲ့သို့ အကြံပြု တိုက်တွန်းလော့။ အသက်ငယ်သော​အမျိုးသားများ​ကို မိမိ​ညီများ​ကဲ့သို့ ဆက်ဆံလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 သင့်​ထက်​အ​သက်​ကြီး​သော​သူ​အား​ပြစ်​တင် ဆုံး​မ​ခြင်း​ကို​မ​ပြု​ဘဲ​သင်​၏​ဖ​ခင်​သ​ဖွယ် တောင်း​ပန်​ပြော​ဆို​လော့။ သင့်​ထက်​အ​သက်​ငယ် သော​သူ​တို့​အား​သင်​၏​ညီ​များ​ကဲ့​သို့​လည်း ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 အ သက် ကြီး သော ယောက်ျား ကို မ ဆုံး မ ဘဲ အ ဘ ကဲ့ သို့ လည်း ကောင်း၊ ပျို ရွယ် သော ယောက်ျား တို့ ကို ညီ အစ် ကို ကဲ့ သို့လည်း ကောင်း၊ အ သက် ကြီး သော မိန်း မ တို့ ကို အ မိ ကဲ့ သို့ လည်း ကောင်း၊ ပျို ရွယ် သော မိန်း မ တို့ ကို ခပ် သိမ်း သော စင် ကြယ် ခြင်း နှင့် တ ကွ နှ မ ကဲ့ သို့လည်း ကောင်း နှိုး ဆော် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အ​သက်​ကြီး​သော​သူ​ကို ကျပ်​တည်း​စွာ မ​ဆုံး​မ​နှင့်။ အ​ဘ​ကဲ့​သို့ မှတ်၍ တောင်း​ပန်​လော့။ လူ​ပျို​တို့​ကို ညီ​အစ်​ကို​ကဲ့​သို့​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အသက်ကြီး​သော​ယောက်ျား​တို့​ကို ပြစ်တင်​မောင်းမဲ​ခြင်း​မ​ပြု​ဘဲ ဖခင်​ကဲ့သို့​လည်းကောင်း၊ ငယ်ရွယ်​သော​ယောက်ျား​တို့​ကို ညီအစ်ကို​ကဲ့သို့​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:1
26 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း သင်တို့​သည် ဆရာတော်​ဟု ခေါ်ဝေါ်ခြင်း​ကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့​တွင် ဆရာ​တစ်ပါးတည်း​သာ​ရှိ​သောကြောင့်​ဖြစ်၏။ သင်တို့​အားလုံး​သည်လည်း ညီအစ်ကို​မောင်နှမများ​ဖြစ်ကြ၏။


အသင်းတော်​တိုင်း​တွင် အကြီးအကဲများ​ကို​ခန့်ထားကြ၏။ ထို့နောက် အစာရှောင်​ဆုတောင်း​၍ ထို​အကြီးအကဲများ​ကို သူတို့​ယုံကြည်သော သခင်ဘုရား​ထံ အပ်နှံကြ၏။


ဂျေရုဆလင်မြို့​သို့ ရောက်​သောအခါ အသင်းတော်၊ တမန်တော်များ​နှင့် အသင်းတော်​အကြီးအကဲများ​က လက်ခံကြိုဆိုကြ၏။ ပေါလု​နှင့် ဗာနဗ​တို့​သည် မိမိတို့​အားဖြင့် ဘုရားသခင်​ပြုတော်မူသည့်​အမှု​အားလုံး​ကို ပြန်ပြောပြကြ၏။


တမန်တော်များ​နှင့် အသင်းတော်​အကြီးအကဲများ​သည် ဤ​အမှုကိစ္စ​နှင့်​စပ်လျဉ်း​၍ ဆွေးနွေး​သုံးသပ်​ရန် စည်းဝေးကြ၏။


မိလက်မြို့​သို့ ရောက်​သောအခါ ပေါလု​သည် လူလွှတ်​၍ ဧဖက်မြို့​ရှိ အသင်းတော်​အကြီးအကဲများ​ကို မိမိ​ထံ​လာရောက်​တွေ့ဆုံ​ရန် ဖိတ်ခေါ်လေ၏။


ပေးဆောင်​ထိုက်သည်​ကို ပေးဆောင်ကြလော့။ အခွန်​ဆောင်စရာ​ရှိလျှင် ပေးဆောင်ကြလော့။ အကောက်​ဆောင်စရာ​ရှိလျှင် ပေးဆောင်ကြလော့။ ကြောက်ရွံ့ထိုက်သူ​ကို ကြောက်ရွံ့​၍ ရိုသေထိုက်သူ​ကို ရိုသေကြလော့။


ညီအစ်ကို​မောင်နှမတို့… တစ်စုံတစ်ယောက်​သည် အပြစ်​ပြုမိ​လျှင် ဝိညာဉ်တော်​၏ လမ်းပြခြင်း​ခံရသော သင်တို့​က နူးညံ့သိမ်မွေ့သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်ပေး​ရမည်။ သင်တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ရာသို့ မလိုက်ပါမိ​စေရန် သတိပြုကြလော့။


အသင်းတော်​ကို ကောင်းမွန်စွာ ဦးဆောင်​စီမံသော​သင်းအုပ်များ၊ အထူး​သဖြင့် တရားဟောခြင်း​နှင့် သွန်သင်ပေးခြင်းတို့​ကို ကြိုးစား​၍ ဆောင်ရွက်သော သင်းအုပ်များ​သည် နှစ်ဆသော​ထောက်ပံ့ခြင်း​ကို ရထိုက်၏။


အသက်ကြီးသော​အမျိုးသမီးများ​ကို မိခင်​ကဲ့သို့​လည်းကောင်း၊ အသက်ငယ်သော​အမျိုးသမီးများ​ကို နှမ​ကဲ့သို့​လည်းကောင်း စင်ကြယ်​စွာ ပြုမူ​ဆက်ဆံလော့။


အသက်ကြီးသော​အမျိုးသားတို့​အား ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ သိက္ခာ​ရှိသူ၊ မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စစ်မှန်သော​ယုံကြည်မှု ချစ်ခြင်းမေတ္တာ သည်းခံမှုတို့​နှင့်​ပြည့်ဝသူ ဖြစ်​ရန် အကြံပေးလော့။


ထိုနည်းတူ အသက်ငယ်သော​အမျိုးသားတို့​အား မိမိကိုယ်ကိုယ် ချုပ်တည်း​နိုင်ရန် နှိုးဆော်လော့။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော ဉာဏ်ပညာ​သည် ပထမ​ဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှု​ကို မြတ်နိုး၏။ ထောက်ထား​ညှာတာတတ်၏။ သဟဇာတ​ဖြစ်တတ်၏။ ကရုဏာတရား​နှင့် ကောင်းကျိုးတို့​ဖြင့် ပြည့်စုံ၏။ မျက်နှာ​မလိုက်တတ်။ ဟန်ဆောင်မှု​ကင်း၏။


သင်တို့​တွင် အလွန်​နာမကျန်း​ဖြစ်သောသူ ရှိ​လျှင် အသင်းတော်​အကြီးအကဲများ​ကို ခေါ်စေ။ သူတို့​သည်လည်း သခင်ဘုရား​၏ နာမတော်​ကို အမှီပြု​၍ လူနာ​အား ဆီလိမ်း​ကာ ဆုတောင်းပေးကြစေ။


ထို့ကြောင့် ခရစ်တော်​၏​ဆင်းရဲဒုက္ခ​ကို မြင်တွေ့သည့်​သက်သေ​ဖြစ်သူ၊ ထင်ရှား​လာမည့် ကိုယ်တော်​၏ ဘုန်းအသရေ​ကို မျှဝေ​ခံစားသူ ကျွန်ုပ်​သည် အသင်းတော်​အကြီးအကဲ​တစ်ဦး​အနေ​ဖြင့် သင်တို့​ထဲမှ အသင်းတော်​အကြီးအကဲများ​ကို တိုက်တွန်း​နှိုးဆော်လိုက်၏။


အသက်ကြီးသူ​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် ကျွန်ုပ်​အမှန်တကယ်​ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်း​ခံရသော​အမျိုးသမီး​နှင့် သူ​၏ သားသမီးများ​ထံသို့ စာရေးလိုက်ပါ၏။ သင်တို့​ကို ကျွန်ုပ်​တစ်ဦးတည်း​သာမက သမ္မာတရား​ကို သိသောသူ​အပေါင်းတို့​ကလည်း ချစ်ခင်ကြ၏။


အသက်ကြီးသူ​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် ကျွန်ုပ်​အမှန်တကယ်​ချစ်ခင်ရသည့် ဂါယု​ထံသို့ စာရေးလိုက်ပါ၏။


ရာဇပလ္လင်တော်​ပတ်လည်​တွင် အခြား​ပလ္လင်​နှစ်ဆယ့်လေး​ခု​ရှိ​ပြီး အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ထို​ပလ္လင်များ​ပေါ်တွင် ထိုင်နေကြ၏။ သူတို့​သည် ဝတ်ရုံဖြူ​ကို ဝတ်ဆင်​လျက် ဦးခေါင်းများ​ပေါ်​တွင် ရွှေ​သရဖူများ​ကို ဆောင်းထားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ