ပေါလုသည် တိမောသေကို မိမိနှင့်အတူ လိုက်ပါစေလိုသဖြင့် သူတို့မထွက်ခွာမီ သူ့အား အရေပြားလှီးခြင်းမင်္ဂလာကို ပေးလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုနယ်ရှိ ဂျူးလူမျိုးများက သူ၏ဖခင်မှာ ဂရိလူမျိုးဖြစ်ကြောင်းကို သိကြသောကြောင့်ဖြစ်၏။
၁ ကော 9:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုးတို့နှင့်အတူရှိစဉ်က ဂျူးလူမျိုးတို့ကို ကယ်တင်နိုင်ရန် ဂျူးလူမျိုးကဲ့သို့ နေထိုင်၏။ ဂျူးလူမျိုးတို့၏ ပညတ်တရားကို လိုက်နာစောင့်ထိန်းသူမဟုတ်သော်လည်း ထိုပညတ်တရားကို လိုက်နာစောင့်ထိန်းသောဂျူးလူမျိုးတို့ကို ကယ်တင်နိုင်ရန် ပညတ်တရားကို စောင့်ထိန်းသူကဲ့သို့ နေထိုင်၏။ Common Language Bible ငါသည်ယုဒအမျိုးသားတို့ထံတွင်အမှု တော်ဆောင်စဉ် သူတို့ကိုကယ်တင်နိုင်ရန်ယုဒ အမျိုးသားကဲ့သို့နေထိုင်၏။ ထိုသူတို့ကို ကယ်တင်နိုင်ရန်ငါသည်ပညတ်တရားစောင့် ထိန်းသူမဟုတ်သော်လည်း ပညတ်တရား စောင့်ထိန်းသူကဲ့သို့ငါနေထိုင်၏။- Garrad Bible ယု ဒ လူ မျိုး တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ ယု ဒ လူ မျိုး အ ဖြစ် ပ ညတ် တ ရား အောက် နေ သူ မ ဟုတ် သော် လည်း ပ ညတ် တ ရား အောက် နေ သူ တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ ပ ညတ် တ ရား အောက် နေ သူ အ ဖြစ် ဘု ရား သ ခင့် ရှေ့ တ ရား မဲ့ သူ မ ဟုတ်။ Judson Bible ယုဒလူတို့ကိုရခြင်းအလိုငှာ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင် မဆည်းကပ်သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှာ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့ကိုရရှိနိုင်ရန် ဂျူးလူမျိုးတို့တွင် ဂျူးလူမျိုးကဲ့သို့ဖြစ်၏။ ငါကိုယ်တိုင် ပညတ်တရားအောက်၌မရှိသော်လည်း ပညတ်တရားအောက်၌ရှိသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားအောက်၌ရှိသောသူတို့အတွက် ပညတ်တရားအောက်၌ရှိသောသူကဲ့သို့ဖြစ်၏။ |
ပေါလုသည် တိမောသေကို မိမိနှင့်အတူ လိုက်ပါစေလိုသဖြင့် သူတို့မထွက်ခွာမီ သူ့အား အရေပြားလှီးခြင်းမင်္ဂလာကို ပေးလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုနယ်ရှိ ဂျူးလူမျိုးများက သူ၏ဖခင်မှာ ဂရိလူမျိုးဖြစ်ကြောင်းကို သိကြသောကြောင့်ဖြစ်၏။
ပေါလုသည် ကောရိန္သုမြို့၌ ရက်ပေါင်းများစွာ နေပြီးနောက် ယုံကြည်သူတို့အား နှုတ်ဆက်ကာ ကင်ခြေမြို့သို့ သွားလေ၏။ ပေါလုသည် ယခင်က သစ္စာပြုထားခဲ့သည် ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် ဆံပင်ရိတ်လေ၏။ ထို့နောက် ပြစ်ကိလ၊ အာကုလတို့နှင့်အတူ ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။
သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
ပညတ်တရား၌ ပါသမျှသောပြဋ္ဌာန်းချက်များသည် ထိုပညတ်တရားကို ခံယူရရှိသောသူတို့အတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ပညတ်တရား၏ ရည်ရွယ်ချက်မှာ လူတို့ကို မိမိတို့၏အပြစ်အတွက်ဆင်ခြေမပေးရန်နှင့် လောကီသားအားလုံးသည် ဘုရားသခင်ရှေ့တော်၌ အပြစ်ရှိကြောင်း ဖော်ပြရန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကျွန်ုပ်လိုက်နာရန် ကြိုးပမ်းသောအခါ ထိုပညတ်တရားသည် ကျွန်ုပ်ကို သေစေခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ပညတ်တရား၌ သေလူဖြစ်ပြီး ဘုရားသခင်အတွက် အသက်ရှင်နိုင်ရန် ပညတ်တရား၏ ပြဋ္ဌာန်းချက်များကို လိုက်နာရန် မကြိုးပမ်းတော့ပေ။
ပညတ်တရားလက်အောက်၌ နေလိုသောသူတို့… ကျွန်ုပ်မေးပါမည်။ ပညတ်တရား၌ မည်သို့ဆိုထားသည်ကို နားမလည်ကြသလော။
ဤသည်မှာ ပညတ်တရား၏ လက်အောက်ခံဖြစ်သော ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၍ ကျွန်ုပ်တို့အား သားသမီးဖြစ်ခွင့်ကို ရရှိစေရန်ဖြစ်၏။
သို့သော် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ခံရလျှင် သင်တို့သည် ပညတ်တရားလက်အောက်၌ မရှိပေ။