ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
၁ ကော 9:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သင်တို့ထံ၌ ဝိညာဉ်ရေးရာ မျိုးစေ့ကို စိုက်ပျိုးခဲ့သည်ဖြစ်လျှင် သင်တို့ထံမှ ခန္ဓာရေးရာအစားအသောက်ကို ရိတ်သိမ်းခြင်းက လွန်ရာကျသလော။ Common Language Bible ငါတို့သည်သင်တို့၌ဋ္ဌမ္မမျိုးစေ့ကိုစိုက်ပျိုး ခဲ့ပြီးနောက် သင်တို့ထံမှရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုရိတ်သိမ်းကြလျှင် ငါတို့လွန်ရာကျမည်လော။- Garrad Bible ငါ တို့ သည် နာမ် ခ န္ဓာ ဆိုင် ရာ များ ကို သင် တို့ အ ဖို့ စိုက် ပျိုး ကြ သည် မှန် လျှင် ရုပ် ခ န္ဓာ ဆိုင် ရာ များ ကို သင် တို့ ထံ မှ ရိတ် သိမ်း သော် လွန် မည် လော။ Judson Bible ငါတို့သည် သင်တို့၌ ဓမ္မမျိုးစေ့ကို စိုက်ပြီးမှ သင်တို့၏လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီးမည်လော။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို သင်တို့၌စိုက်ပျိုးခဲ့သည်ဆိုလျှင် သင်တို့ထံမှ ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများကို ရိတ်သိမ်းကြခြင်းသည် လွန်ရာကျသလော။ |
ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
ထိုသူတို့သည် စေတနာစိတ်နှင့် လှူဒါန်းသကဲ့သို့ သူတို့၌ ကျေးဇူးတုံ့ပြန်ရန် တာဝန်ရှိသည်ဟုလည်း ခံယူကြ၏။ အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့သည် ဂျေရုဆလင်မြို့ရှိ ယုံကြည်သောသူများထံမှ ဝိညာဉ်ရေးရာ ကောင်းချီးများကို ဝေမျှခံစားရလျှင် သူတို့ဘက်မှလည်း ငွေကြေးအားဖြင့် ကူညီသင့်သည်ဟု ခံစားရသောကြောင့် ဖြစ်၏။
ထိုနည်းတူ သတင်းကောင်းကို ဟောပြောသောသူတို့သည် ထိုသတင်းကောင်းအားဖြင့် အသက်မွေးခွင့်ရှိကြောင်း သခင်ဘုရားမိန့်တော်မူခဲ့၏။
သို့ဖြစ်၍ စာတန်၏ နောက်လိုက်တို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူများအဖြစ် အယောင်ဆောင်တတ်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ နောက်ဆုံးတွင် သူတို့သည် မိမိတို့ပြုသည့်လုပ်ဆောင်မှုနှင့် ထိုက်သင့်သော ပြစ်ဒဏ်ကို ခံရလိမ့်မည်။
နှုတ်ကပတ်တရားတော်ကို သင်ယူသောသူသည် သင်ကြားပေးသော မိမိဆရာသမားအား ကောင်းသောအရာဟူသမျှကို ဝေမျှ၍ ထောက်ပံ့ရမည်။
ဤသို့ပြောခြင်းသည် သင်တို့ထံမှ နောက်ထပ်အလှူကို ရလို၍ မဟုတ်။ သင်တို့၏ ရက်ရောမှုအတွက်ကြောင့် အသီးအပွင့်ကို သင်တို့ ပို၍ ရရှိခံစားစေလိုသောကြောင့် ဖြစ်၏။