ထိုအခါ ငါသည် သူတို့အား ‘အို မတရားမှုပြုသောသူတို့… သင်တို့ကို မည်သည့်အခါကမျှ ငါမသိခဲ့။ ငါ့ထံမှ ထွက်သွားကြ’ ဟု ပြောမည်။
၁ ကော 8:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဘုရားသခင်ကို ချစ်သောသူသည် ဘုရားသခင်၏ အသိအမှတ်ပြုတော်မူခြင်းကို ခံရသောသူဖြစ်၏။ Common Language Bible သို့သော်ဘုရားသခင်ကိုချစ်မြတ်နိုးသူသည် ဘုရားသခင်သိမှတ်တော်မူခြင်းကိုခံရ၏။ Garrad Bible အ ကြင် သူ သည် ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး အံ့။ ထို သူ့ ကို ကိုယ် တော် သိ မှတ် တော် မူ၏။ Judson Bible ဘုရားသခင်ကိုချစ်သောသူ မည်သည်ကား၊ ဘုရားသခင် သိစေတော်မူသောသူ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် မည်သူမဆို ဘုရားသခင်ကိုချစ်လျှင် ဘုရားသခင်သည် ထိုသူကိုသိတော်မူ၏။ |
ထိုအခါ ငါသည် သူတို့အား ‘အို မတရားမှုပြုသောသူတို့… သင်တို့ကို မည်သည့်အခါကမျှ ငါမသိခဲ့။ ငါ့ထံမှ ထွက်သွားကြ’ ဟု ပြောမည်။
ငါသည် သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိ၏။ ထိုကဲ့သို့ပင် ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ ငါသည် ထိုသိုးတို့အတွက် အသက်ကို စွန့်၏။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
ဘုရားသခင်သည် ကနဦးကတည်းကပင် ရွေးကောက်ထားတော်မူသော မိမိလူမျိုးတော်ကို စွန့်ပယ်တော်မမူခဲ့ပေ။ ပရောဖက်ဧလိယသည် အစ္စရေးလူမျိုးတို့ကို ဘုရားသခင်ထံ တိုင်တန်းခဲ့၏။ ထိုအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာ၌ မည်သို့ဖော်ပြထားသည်ကို သင်တို့မသိကြသလော။
ယခု ကျွန်ုပ်တို့သည် ကြေးမုံထဲတွင် မြင်ရသကဲ့သို့ မှုန်ဝါးဝါးသာ မြင်နေရ၏။ သို့သော် ထိုအချိန်တွင် မျက်ဝါးထင်ထင် မြင်ကြရလိမ့်မည်။ ယခု ကျွန်ုပ်သည် တစ်စိတ်တစ်ပိုင်းကိုမျှသာ သိ၏။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်ကို အပြည့်အစုံသိတော်မူသကဲ့သို့ ထိုအချိန်တွင် ကျွန်ုပ်တို့သည် အပြည့်အစုံသိရလိမ့်မည်။
ထိုအရာမှာ ကျမ်းစာ၌ “မိမိကို ချစ်သောသူတို့အတွက် ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို လူ့မျက်စိဖြင့် မမြင်၊ လူ့နားဖြင့် မကြား၊ လူ့စိတ်ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဦးစွာ ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ကြ၏။
ချစ်ရသောသူတို့… ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။
သင်သည် စာတန်အုပ်စိုးသည့်နေရာ၌ နေကြောင်းကို ငါသိ၏။ သို့သော် သင်သည် ငါ၏နာမကို စွဲကိုင်နေလျက်ရှိသေး၏။ ငါ၏သစ္စာရှိသောသက်သေခံ အန္တိပသည် ဤစာတန်အုပ်စိုးသည့်နေရာ၌ အသတ်ခံရချိန်၌ပင် သင်သည် ငါ့အပေါ် ထားရှိသော သင်၏ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ပေ။
သင်၏လုပ်ဆောင်မှုများဖြစ်သည့် သင်၏ချစ်ခြင်း၊ ယုံကြည်ခြင်း၊ အစေခံခြင်း၊ သည်းခံခြင်းတို့ကို ငါသိ၏။ ထို့ပြင် ယခုသင်၏လုပ်ဆောင်မှုများသည် ယခင်လုပ်ဆောင်မှုများထက်ပို၍ ကောင်းမွန်ကြောင်းကို ငါသိ၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။