Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 13:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ယခု ကျွန်ုပ်တို့​သည် ကြေးမုံ​ထဲတွင် မြင်ရ​သကဲ့သို့ မှုန်ဝါးဝါး​သာ မြင်နေရ၏။ သို့သော် ထို​အချိန်​တွင် မျက်ဝါးထင်ထင် မြင်ကြရ​လိမ့်မည်။ ယခု ကျွန်ုပ်​သည် တစ်စိတ်တစ်ပိုင်း​ကို​မျှသာ သိ၏။ သို့သော် ဘုရားသခင်​သည် ကျွန်ုပ်​ကို အပြည့်အစုံ​သိတော်မူ​သကဲ့သို့ ထို​အချိန်​တွင် ကျွန်ုပ်တို့​သည် အပြည့်အစုံ​သိရလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ယ​ခု​အ​ခါ​ငါ​တို့​သည်​ကြေး​မုံ​တွင်​ပေါ်​လာ သည့်​ပုံ​သဏ္ဌာန်​ကို​မြင်​ရ​သ​ကဲ့​သို့​မ​ထင်​မ​ရှား တွေ့​မြင်​ရ​ကြ​၏။ ထို​အ​ခါ​၌​မူ​ကား​မျက်​ဝါး ထင်​ထင်​တွေ့​မြင်​ရ​လတ္တံ့။ ယ​ခု​အ​ခါ​ငါ​သည် စုံ​လင်​စွာ​မ​သိ​မ​မြင်​ရ။ ထို​အ​ခါ​၌​ကား ဘု​ရား​သ​ခင်​သည်​ငါ့​ကို​စုံ​လင်​စွာ​သိ​မြင် တော်​မူ​သ​ကဲ့​သို့​ငါ​သည်​စုံ​လင်​စွာ​သိ မြင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ယ ခု ကာ လ ငါ တို့ သည် စ ကား ဝှက် သ ဖွယ် ကြေး မှုံ ရိပ် မျှ သာ မြင် ရ ကြ၏။ ထို ကာ လ၌ မူ ကား မျက် မှောက် ထင် ထင် မြင် ရ ကြ လိမ့် မည်။ ယ ခု ကာ လ ငါ သည် မ စုံ မ လင် သိ ရ၏။ ထို ကာ လ၌ မူ ကား သိ မြင် တော် မူ ခြင်း ခံ ရ သ ကဲ့ သို့ ပင် သိ မြင် ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ယ​ခု​တွင် ငါ​တို့​သည် မှန်​အား​ဖြင့် ရိပ်​မိ​လျက်​သာ နေ​ကြ၏။ ထို​အ​ခါ​မူ​ကား၊ မျက်​မှောက်​ထင်​ထင် မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု​တွင် ငါ​အ​သိ​အ​မြင် မ​စုံ​မ​လင်​ဖြစ်၏။ ထို​အ​ခါ​မူ​ကား၊ သူ​တစ်​ပါး​သည် ငါ့​ကို​သိ​သ​ကဲ့​သို့ ငါ​သိ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ယခု ငါ​တို့​သည် မှန်​အားဖြင့် မှုန်ဝါးဝါး​သာ​မြင်​ရ​ကြ​၏။ ထိုအခါ​၌​မူကား မျက်ဝါးထင်ထင်​မြင်​ရ​ကြ​လိမ့်မည်။ ယခု ငါ​သည် တစ်စိတ်တစ်ဒေသ​မျှသာ​သိ​၏။ သို့သော် ငါ့​ကို​စုံလင်​စွာ​သိ​တော်မူ​သကဲ့သို့ ထိုအခါ​၌​မူကား ငါ​သည်​လည်း စုံလင်​စွာ​သိ​ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 13:12
20 ပူးပေါင်းရင်းမြစ်များ  

ကလေးငယ်​တစ်ဦးတစ်ယောက်​အပေါ်​၌ မထီမဲ့မြင်​မပြုမိ​စေရန် သတိပြုကြလော့။ ကောင်းကင်ဘုံ​တွင်​ရှိသော ထို​ကလေးငယ်တို့​၏ ကောင်းကင်တမန်များ​သည် ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​၏ မျက်နှာတော်​ကို အစဉ်မပြတ် ဖူးမြော်​ကြရသည်​ဟု သင်တို့​အား ငါ​ပြောဆို၏။


စိတ်နှလုံး​ဖြူစင်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် ဘုရားသခင်​ကို တွေ့မြင်ကြရမည်​ဖြစ်​သောကြောင့်ပင်။


လက်ရှိ​အချိန်ကာလ​၌ ကျွန်ုပ်တို့​ခံရသော​ဒုက္ခ​သည် နောင်​တွင် ထင်ရှားမည့် ဘုန်းအသရေ​နှင့် ယှဉ်​လျှင် မပြောပလောက်ကြောင်း ကျွန်ုပ်​မှတ်ယူ၏။


ကျွန်ုပ်​သည် ကလေး​ဘဝ​အချိန်​၌ ကလေး​ကဲ့သို့ ပြောဆို၏။ ကလေး​ကဲ့သို့ စဉ်းစား၏။ ကလေး​ကဲ့သို့ တွေးထင်တတ်၏။ သို့သော် လူကြီး​ဖြစ်လာ​သောအခါ ကလေးဆန်သော​အရာများ​ကို စွန့်လွှတ်၏။


သို့သော် ဘုရားသခင်​ကို ချစ်သောသူ​သည် ဘုရားသခင်​၏ အသိအမှတ်ပြုတော်မူခြင်း​ကို ခံရသောသူ​ဖြစ်၏။


ထို့ကြောင့် ပဝါ​ဖုံးအုပ်ခံရခြင်း​မရှိတော့သော ကျွန်ုပ်တို့​၏ မျက်နှာ​တွင် သခင်ဘုရား​၏ ဘုန်းတော်​ထင်ဟပ်​လျက်​ရှိ၏။ ဝိညာဉ်တော်​ဖြစ်သော သခင်ဘုရား​ထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေ​သည် ကျွန်ုပ်တို့​ကို အစဉ်အမြဲ ဘုန်းအသရေ​တိုးပွားစေ​၍ ကိုယ်တော်​၏ ပုံသဏ္ဌာန်တော်​အတိုင်း ပြောင်းလဲ​စေလျက်​ရှိ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် မြင်ရခြင်း​အားဖြင့် မပြုမူ​မနေထိုင်ဘဲ ယုံကြည်ခြင်း​အားဖြင့် ပြုမူနေထိုင်​သောကြောင့်​ဖြစ်၏။


ထိုသို့​ဆိုသော် ကျွန်ုပ်​သည် အောင်မြင်မှု​ကို ရရှိပြီ၊ ပြည့်စုံပြီ​ဟု မဆိုလိုပါ။ သို့သော် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​အား ထို​ပြည့်စုံခွင့်​ကို ပေး​ရန် ကျွန်ုပ်​ကို ဦးစွာ ရရှိ​ပိုင်ဆိုင်ထားသည်​ဖြစ်၍ ကျွန်ုပ်​သည်လည်း ထို​အခွင့်​ကို ရရှိ​ရန် ကြိုးပမ်းနေ၏။


တရားတော်​ကို ကြားနာ​သော်လည်း မကျင့်သုံးသောသူ​သည် မိမိ​မျက်နှာ​ကို မှန်​၌


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။


သူတို့​သည် ကိုယ်တော်​၏ မျက်နှာတော်​ကို ဖူးမြင်​ရ​လိမ့်မည်။ သူတို့​၏ နဖူး​ပေါ်တွင် ကိုယ်တော်​၏ နာမတော်​ကို ရေးထား​လျက်​ရှိ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ