ယေရှုက “ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော် မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် အမြစ်မှနုတ်ယူခြင်းခံရလိမ့်မည်။
၁ ကော 3:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။ Common Language Bible ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။ သင်တို့သည်ဘုရားသခင်၏ကျောင်းတော်တိုက် လည်းဖြစ်၏။- Garrad Bible ငါ တို့ သည် ဘု ရား သ ခင်၏ လုပ် ဖော် ဆောင် ဖက် များ ဖြစ် လျက် သင် တို့ လည်း ဘု ရား သ ခင်၏ ဥ ယျာဉ် တော် ဘုရား သ ခင်၏ အ ဆောက် အ ဦး တော် ဖြစ် ၏။ Judson Bible ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်း ဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်တော် ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်၊ ဘုရားသခင်၏အဆောက်အအုံဖြစ်ကြ၏။ |
ယေရှုက “ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော် မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် အမြစ်မှနုတ်ယူခြင်းခံရလိမ့်မည်။
သင့်အား ငါပြောဆိုသည်မှာ သင်သည် ကျောက်ဟု အဓိပ္ပာယ်ရသောပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ မရဏနိုင်ငံ၏တံခါးများပင် ထိုအသင်းတော်ကို အောင်နိုင်လိမ့်မည်မဟုတ်။
ထိုအခါ တပည့်တော်တို့အား “ရိတ်သိမ်းရန် စပါးများစွာ ရှိသော်လည်း ရိတ်သိမ်းသူတို့သည် နည်းလှ၏။
ထို့နောက် တပည့်တော်တို့သည်လည်း အရပ်ရပ်သို့ သွား၍ တရားတော်ကို ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့ဟောပြောသောတရားတော် မှန်ကန်ကြောင်းကိုလည်း နိမိတ်လက္ခဏာများဖြင့် သက်သေပြတော်မူ၏။ ရှင်မာကုခရစ်ဝင်ကျမ်း ပြီးပါပြီ။
ကျမ်းစာ၌ ‘တိုက်ဆောက်သောသင်တို့ ပယ်ထားသည့်ကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာ၏’ ဟု ရည်ညွှန်းခံရသူမှာ ဤယေရှုပင်ဖြစ်၏။
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
ကျွန်ုပ်သည် မျိုးစေ့စိုက်၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ထိုအပင်ကို ကြီးထွားစေတော်မူသော အရှင်မှာ ဘုရားသခင်ပင် ဖြစ်ပေ၏။
သင်တို့၏ ကိုယ်ခန္ဓာသည် ဘုရားသခင်ထံတော်မှ သင်တို့လက်ခံရရှိထားသည့် ဝိညာဉ်တော်ဟူသော သင်တို့အထဲ၌ ကိန်းဝပ်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် မိမိကိုယ်ကိုယ် မပိုင်ကြ။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
ကိုယ်တော်ထံ၌ အမြစ်တွယ်၍ တည်ဆောက်ကာ သင်တို့သင်ယူခဲ့ရသည့်အတိုင်း ခိုင်မြဲစွာ ယုံကြည်လျက် ကျေးဇူးတော်ကို အလွန်ချီးမွမ်းကြလော့။
သို့မှသာ ကျွန်ုပ်၏ခရီး ကြန့်ကြာနေခဲ့လျှင်လည်း ဘုရားသခင်၏ အိမ်တော်တွင် မည်သို့ ပြုမူရမည်ကို သင်သိနိုင်မည်။ ထိုအိမ်တော်သည် အသက်ရှင်သောဘုရားသခင်၏ အသင်းတော်ဖြစ်ပြီး သမ္မာတရား၏ မဏ္ဍိုင်နှင့် အုတ်မြစ်လည်း ဖြစ်၏။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာတရားအတွက် ထိုသူတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်နိုင်ရန် ထိုသို့သောသူများကို ကူညီထောက်ပံ့သင့်၏။