ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
၁ ကော 15:51 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်ပြောမည်။ ကျွန်ုပ်တို့အားလုံးသည် သေကြရမည်မဟုတ်။ နောက်ဆုံး တံပိုးမှုတ်သောအခါ တစ်ခဏချင်းမျက်စိတစ်မှိတ်အတွင်းတွင် ကျွန်ုပ်တို့အားလုံးသည် ပြောင်းလဲကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တံပိုးမှုတ်သောအခါ သေလွန်သောသူတို့သည် မပုပ်ပျက်သောအရာအဖြစ် ထမြောက်မည်ဖြစ်သောကြောင့်ပင်။ အသက်ရှင်လျက်ရှိသော ကျွန်ုပ်တို့သည်လည်း ပြောင်းလဲကြလိမ့်မည်။ Common Language Bible လျှို့ဝှက်နက်နဲသောအရာတစ်ခုကိုနားထောင် ကြလော့။ ငါတို့အားလုံးသည်သေလွန်သွားကြ မည်မဟုတ်။ ငါတို့သည်တံပိုးခရာမှုတ်သော အခါခဏချင်းမျက်စိတစ်မှိတ်အတွင်း၌ ပြောင်းလဲကြမည်။ နောက်ဆုံးတံပိုးခရာမှုတ် သောအခါသေလွန်သူတို့သည် ရှင်ပြန်ထမြောက် ကြ၍သေခြင်းနှင့်ထာဝစဉ်ကင်းလွတ်ကြ လိမ့်မည်။ ငါတို့အားလုံးသည်လည်းပြောင်းလဲ ကြမည်။- Garrad Bible နက် နဲ ရာ ကို ငါ ဖော် ပြ မည် မှာ ငါ တို့ ရှိ သ မျှ သည် အိပ် ပျော် ရ မည် မ ဟုတ်။ နောက် ဆုံး တံ ပိုး တော် မှုတ် သည့် ကာ လ တစ် ခ ဏ တည်း မျက် စိ တ မှိတ် တွင် ရှိ သ မျှ တို့ ပြောင်း လဲ ကြ ရ မည်။ မု ချ အား ဖြင့် ထို တံ ပိုး တော် မှုတ် သော် သူ သေ တို့ သည် အ သင်္ခါ ရ အ ဖြစ် ရှင် ပြန် ထ မြောက် ခြင်း၊ ငါ တို့ လည်း ပြောင်း လဲ ခြင်း ကို ခံ ရ ကြ လိမ့် သ တည်း။ Judson Bible နက်နဲသော အရာတစ်ခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း နားထောင်ကြလော့။ ငါသည် သင်တို့အား လျှို့ဝှက်နက်နဲသောအရာကို ပြောဦးမည်။ ငါတို့အားလုံးသည် အိပ်ပျော်ကြရမည်မဟုတ်။ |
ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
ထိုသို့ဖြစ်လျှင် ခရစ်တော်ကို ယုံကြည်လျက် ကွယ်လွန်သွားသောသူတို့သည်လည်း ပျက်စီးကြပြီဖြစ်ပေမည်။
အမှန်တွင်မူ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၍ သေလွန်သောသူတို့အနက် အဦးဆုံးရှင်ပြန်ထမြောက်သောသူ ဖြစ်တော်မူ၏။
ထို့နောက် ယုံကြည်သောသူငါးရာကျော်တို့အား တစ်ချိန်တည်းတွင်ပင် ကိုယ်ထင်ပြတော်မူ၏။ ထိုသူတို့ထဲမှ တချို့သည် ကွယ်လွန်ကြပြီဖြစ်သော်လည်း အများစုမှာမူ သက်ရှိထင်ရှားနေဆဲဖြစ်ကြ၏။
ကျွန်ုပ်တို့ပြောဆိုသောပညာစကားမှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်နက်နဲသောဘုရားသခင်၏ ပညာစကားဖြစ်၏။ ဘုရားသခင်သည် ကမ္ဘာမတည်မီကပင် ထိုပညာကို ကျွန်ုပ်တို့၏ ဘုန်းအသရေအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်နှင့် အာပေါလုကို ခရစ်တော်၏ အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာများကို စီမံခန့်ခွဲသူများအဖြစ်လည်းကောင်း မှတ်ယူကြလော့။
ကျွန်ုပ်တို့သည် ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို အဝတ်သစ်ကဲ့သို့ ဝတ်ဆင်ရမည့်နေ့အတွက် စိတ်အားထက်သန်စွာ စောင့်မျှော်၍ လက်ရှိကိုယ်ခန္ဓာ၌ ညည်းတွားလျက်နေကြ၏။
ကျွန်ုပ်တို့သည် ဤလောကီခန္ဓာတွင် ရှိနေစဉ် လေးလံသောဝန်ကို ထမ်းရသောကြောင့် ညည်းတွားကြရ၏။ ထိုသို့ ညည်းတွားကြသည်မှာ ဤလောကီခန္ဓာမှ ထွက်ခွာလိုသောကြောင့် မဟုတ်ဘဲ သေတတ်သောအရာကို ထာဝရအသက်ရှင်ခြင်းဖြင့် အစားထိုးနိုင်ရန် ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို ဝတ်ဆင်လိုသောကြောင့် ဖြစ်၏။
ဘုရားသခင်သည် ခရစ်တော်အားဖြင့် ပြုတော်မူမည်ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်၏ လျှို့ဝှက်နက်နဲသောအရာကို မိမိ နှစ်သက်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ကို ဖော်ပြတော်မူ၏။
ဘုရားသခင်သည် မိမိ၏ လျှို့ဝှက်နက်နဲသော အကြံအစည်ကို ဗျာဒိတ်တော်ဖြင့် ကျွန်ုပ်ကို ဖော်ပြတော်မူကြောင်း အထက်ပါအတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။
ဤတစ်သားတစ်ကိုယ်တည်း ဖြစ်ခြင်းသည် အလွန် နက်နဲသောအရာ ဖြစ်၏။ ထို့ကြောင့် ခရစ်တော်နှင့် အသင်းတော်ကို ရည်ညွှန်း၍ ကျွန်ုပ်ပြောဆိုခြင်း ဖြစ်၏။
ကိုယ်တော်သည် အရာအားလုံးကို မိမိအာဏာစက်အောက်၌ ထားနိုင်စွမ်းရှိသောတန်ခိုးအားဖြင့် ကျွန်ုပ်တို့၏ လူ့ကိုယ်ခန္ဓာကို မိမိ၏ ဘုန်းအသရေနှင့် ပြည့်ဝသော ကိုယ်ခန္ဓာနှင့် တူစေရန် ပြောင်းလဲတော်မူလိမ့်မည်။