ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
၁ ကော 15:47 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပထမဦးဆုံးလူသည် မြေကြီးက ဖြစ်လာသောကြောင့် မြေကြီးသားဖြစ်၏။ ဒုတိယလူမှာ ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။ Common Language Bible ပထမလူအာဒံသည်မြေမှုန့်မှဖန်ဆင်းထားသူ ဖြစ်၏။ ဒုတိယလူမူကားကောင်းကင်ဘုံမှလာ သူတည်း။- Garrad Bible ပ ထ မ လူ သည် ပ ထ ဝီ က ဖြစ်၍ မြေ သ ဘာ ဝ ရှိ၏။ Judson Bible ရှေ့ဦးစွာသော လူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။- မြန်မာ့စံမီသမ္မာကျမ်း ပထမလူသည် မြေကြီးမှဖြစ်၍ မြေမှုန့်နှင့်ဆိုင်၏။ ဒုတိယလူသည် ကောင်းကင်မှဖြစ်၏။ |
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် သင်တို့အတွက် မွေးဖွားလာတော်မူပြီ။
အထက်မှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။ ကမ္ဘာလောကမှ ဖြစ်ပွားသောသူသည် လောကီသားဖြစ်၍ လောကီနှင့်ဆိုင်သောအရာများကိုသာ ပြောဆို၏။ ကောင်းကင်ဘုံမှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။
ဘုရားသခင်၏ စစ်မှန်သောမုန့်မှာ ကောင်းကင်မှ ဆင်းသက်လာ၍ လောကီသားတို့အား အသက်ကို ပေးသောမုန့်ဖြစ်၏” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ကျမ်းစာ၌ “ပထမဆုံးလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံးအာဒံသည် အသက်ရှင်စေသော ဝိညာဉ်ဖြစ်၏။
ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့နေထိုင်သော ယာယီတဲနှင့် တူ၏။ ဤယာယီတဲ ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်ဖန်ဆင်းတော်မူသည့် ထာဝရအိမ်နှင့် တူသောကိုယ်ခန္ဓာသစ်ရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။