ယေရှုက “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
၁ ကော 15:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမြင်မှန်ရကြလော့။ ဆက်၍ အပြစ်မပြုနှင့်။ သင်တို့ထဲမှ တချို့သည် ဘုရားသခင်ကို လုံးဝမသိကြ။ သင်တို့အရှက်ရစေရန် ဤသို့ ကျွန်ုပ်ပြော၏။ Common Language Bible အမြင်မှန်ရကြလော့။ ဆက်လက်၍အပြစ် မကူးကြနှင့်။ သင်တို့တွင်အချို့သောသူတို့ သည်ဘုရားသခင်ကိုမသိကြ။ ဤသို့ငါ ဆိုရာ၌သင်တို့အရှက်ရစေရန်အတွက် ဖြစ်၏။ Garrad Bible ပြစ် မှား လျက် မ နေ ဘဲ ဖြောင့် မတ် စွာ နိုး ကြား ကြ လော့။ အ ချို့ တို့ သည် ဘု ရား သ ခင် နှင့် အ ကျွမ်း အ ဝင် ကင်း ကြ လေ စွ။ ဤ သို့ ဆို သည် ကား သင် တို့ ရှက် စေ ရန် တည်း။ Judson Bible တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သောသူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှာ ငါဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။ |
ယေရှုက “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌ တွေ့မြင်တော်မူသဖြင့် “ယခု သင်ကျန်းမာပြီ။ နောက်ထပ် အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ ဆိုးရွားသောဘေးဒုက္ခသည် သင့်အပေါ်ကျရောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ အမျိုးသမီးက “တစ်ဦးတစ်ယောက်မျှ မစီရင်ပါ သခင်” ဟု ဖြေဆိုလေ၏။ ယေရှုက “ငါသည်လည်း သင့်ကို မစီရင်ပါ။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန် အပြစ်မပြုနှင့်” ဟု မိန့်တော်မူ၏။
သေလွန်သောသူတို့အား ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသည်ကို ယုံဖွယ်မရှိဟု အရှင်တို့အဘယ်ကြောင့်ထင်မြင်ကြသနည်း။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
သင်တို့သည် ယခုလက်ရှိ အချိန်အခါကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာမှ နိုးထရမည့်အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်သည် ကျွန်ုပ်တို့ စတင်ယုံကြည်ခဲ့သည့် အချိန်ကထက် ပို၍ နီးကပ်လာသောကြောင့် ဖြစ်၏။
ဤအကြောင်းအရာများကို ရေးသားရသည်မှာ သင်တို့ကို အရှက်ရစေရန်မဟုတ်ပါ။ ကျွန်ုပ်ချစ်ခင်ရသော သားသမီးများကဲ့သို့ သဘောထား၍ သင်တို့ကို သတိပေးဆုံးမရန်သာဖြစ်၏။
ဤသို့ ကျွန်ုပ်ပြောရခြင်းမှာ သင်တို့ရှက်တတ်စေရန်ဖြစ်၏။ သင်တို့တွင် ယုံကြည်သူအချင်းချင်းကြား ဤသို့သော အမှုကိစ္စများကို စီရင်ဆုံးဖြတ်နိုင်သည့် ပညာရှင်တစ်ဦးတစ်ယောက်မျှ မရှိသလော။
သို့သော် ယုံကြည်သူတိုင်း၌ ထိုအသိပညာရှိသည်မဟုတ်ချေ။ အချို့သောသူတို့သည် ရုပ်တုကိုးကွယ်သည့် အလေ့အထရှိခဲ့သောကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောအခါ စစ်မှန်သောနတ်ဘုရားများ၏အစားအစာကို စားသည်ဟု ထင်မှတ်ဆဲဖြစ်ကြ၏။ သို့ဖြစ်၍ စားသောအခါ သူတို့၏ အသိစိတ်သည် အားနည်းသောကြောင့် ထိုအစာက သူတို့အား ညစ်ညူးစေသည်ဟု ထင်မှတ်ကြ၏။
အဘယ်ကြောင့်ဆိုသော် အလင်း၌ ဖော်ပြခံရသော အရာအားလုံးသည် အလင်း ဖြစ်လာသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာမှ ထလော့။ ခရစ်တော်သည် သင့်အပေါ် ထွန်းလင်းတော်မူလိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။