သူတို့သည် လူ့စည်းမျဉ်းတို့ကို ဘုရားသခင်ထံမှလာသော သွန်သင်ချက်များအဖြစ် သွန်သင်ကြ၏။ သို့ဖြစ်၍ ငါ့ကို သူတို့ကိုးကွယ်ကြသည်မှာ အချည်းနှီးဖြစ်၏’ ဟူ၍ ကြိုတင်ဟောသည်မှာ မှန်လှ၏” ဟု မိန့်တော်မူ၏။
၁ ကော 15:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော် ရှင်ပြန်ထမြောက်တော်မမူခဲ့လျှင် ကျွန်ုပ်တို့၏ ဟောပြောခြင်းသည်လည်း အချည်းနှီးဖြစ်ပြီး သင်တို့၏ ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။ Common Language Bible ခရစ်တော်ထမြောက်တော်မမူလျှင်ငါတို့ ၏ဟောပြောခြင်းသည်အကျိုးမရှိ။ သင်တို့၏ ယုံကြည်ခြင်းသည်လည်းအကျိုးမရှိ။- Garrad Bible ခ ရစ် တော် ရှင် ပြန် ထ မြောက် တော် မူ ပြီး မ ဟုတ် ခဲ့ လျှင် ငါ တို့ ဟော ပြော ခြင်း နှင့် သင် တို့ ယုံ ကြည် ခြင်း မှား လေ ပြီ။ Judson Bible ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် ငါတို့၏ဟောပြောခြင်းသည် အချည်းနှီးဖြစ်ပြီး သင်တို့၏ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။ |
သူတို့သည် လူ့စည်းမျဉ်းတို့ကို ဘုရားသခင်ထံမှလာသော သွန်သင်ချက်များအဖြစ် သွန်သင်ကြ၏။ သို့ဖြစ်၍ ငါ့ကို သူတို့ကိုးကွယ်ကြသည်မှာ အချည်းနှီးဖြစ်၏’ ဟူ၍ ကြိုတင်ဟောသည်မှာ မှန်လှ၏” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိခန့်အပ်သော အရှင်အားဖြင့် လောကကို မှန်ကန်စွာ တရားစီရင်ရန် နေ့တစ်နေ့ကို သတ်မှတ်ထားတော်မူသောကြောင့်ဖြစ်၏။ ထိုအရှင်ကိုလည်း သေရာမှ ထမြောက်စေတော်မူခြင်းဖြင့် ထိုသို့ဖြစ်မည့်အကြောင်းကို ကျွန်ုပ်တို့အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။
သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့မည်မဟုတ်ပေ။
ခရစ်တော်သည် ရှင်ပြန်ထမြောက်တော်မမူခဲ့လျှင် သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့သည်လည်း အပြစ်၌ နစ်မွန်းလျက်ပင် ရှိနေကြဦးမည်ဖြစ်၏။
ကျွန်ုပ်ဟောပြောခဲ့သော ထိုသတင်းကောင်းတရားကို သင်တို့ဆက်လက်၍ စွဲမြဲစွာ ယုံကြည်လျှင် ထိုသတင်းကောင်းအားဖြင့် သင်တို့သည် ကယ်တင်ခံကြရ၏။ ထိုသို့ မယုံကြည်လျှင် သင်တို့ ယုံကြည်ခဲ့သည်မှာ အချည်းနှီးဖြစ်၏။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
ယေရှုသည် အသေခံပြီးနောက် ရှင်ပြန်ထမြောက်သည်ကို ကျွန်ုပ်တို့ယုံကြည်သောကြောင့် ယေရှုပြန်ကြွလာသည့် အချိန်တွင် သေလွန်ပြီးသည့် ယုံကြည်သူများကိုလည်း ဘုရားသခင်သည် ခရစ်တော်နှင့်အတူ ယူဆောင်လာမည်ဟု ကျွန်ုပ်တို့ ယုံကြည်၏။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကိုယ် ဘာသာတရားကိုင်းရှိုင်းသူဟု ထင်မြင်သော်လည်း မိမိလျှာကို မချုပ်တည်းလျှင် မိမိကိုယ်မိမိ လှည့်ဖြားသူဖြစ်၏။ သူ၏ ဘာသာတရားကိုင်းရှိုင်းခြင်းသည် အချည်းနှီးဖြစ်၏။
အို လူမိုက်… လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသုံးမဝင်ကြောင်း အထောက်အထား လိုအပ်သလော။