အဘယ်ကြောင့်ဆိုသော် ဇဒ္ဒုကဲတို့က သေရာမှ ရှင်ပြန်ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ ဝိညာဉ်လည်းမရှိဟု ဆိုကြ၏။ ဖာရိရှဲတို့ကမူ ထိုအရာအားလုံးရှိသည်ဟု လက်ခံယုံကြည်ကြ၏။
၁ ကော 15:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့မည်မဟုတ်ပေ။ Common Language Bible ရှင်ပြန်ထမြောက်ခြင်းမရှိပါကခရစ်တော် သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မမူ နိုင်ရာ။- Garrad Bible သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ လျှင် ခ ရစ် တော် သည် ရှင် ပြန် ထ မြောက် တော် မူ ပြီး မ ဟုတ်။ Judson Bible သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။- မြန်မာ့စံမီသမ္မာကျမ်း သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူခဲ့မည်မဟုတ်။ |
အဘယ်ကြောင့်ဆိုသော် ဇဒ္ဒုကဲတို့က သေရာမှ ရှင်ပြန်ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ ဝိညာဉ်လည်းမရှိဟု ဆိုကြ၏။ ဖာရိရှဲတို့ကမူ ထိုအရာအားလုံးရှိသည်ဟု လက်ခံယုံကြည်ကြ၏။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
ဖန်ဆင်းခံလောကသာ ညည်းတွားနေသည်မဟုတ်။ ဘုရားသခင်၏ အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကို ရရှိသော ကျွန်ုပ်တို့သည်လည်း ခန္ဓာရွေးနုတ်ခြင်းဟူသော သားသမီးဖြစ်ခွင့်ကို စောင့်မျှော်၍ ညည်းတွားနေကြ၏။
ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီဟု ကျွန်ုပ်တို့ဟောပြောကြလျှင် သင်တို့ထဲမှ တချို့က သေလွန်သောသူတို့သည် မထမြောက်ကြပါဟု အဘယ်ကြောင့် ပြောဆိုကြသနည်း။
ခရစ်တော် ရှင်ပြန်ထမြောက်တော်မမူခဲ့လျှင် ကျွန်ုပ်တို့၏ ဟောပြောခြင်းသည်လည်း အချည်းနှီးဖြစ်ပြီး သင်တို့၏ ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။
အမှန်တွင်မူ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၍ သေလွန်သောသူတို့အနက် အဦးဆုံးရှင်ပြန်ထမြောက်သောသူ ဖြစ်တော်မူ၏။
ယေရှုသည် အသေခံပြီးနောက် ရှင်ပြန်ထမြောက်သည်ကို ကျွန်ုပ်တို့ယုံကြည်သောကြောင့် ယေရှုပြန်ကြွလာသည့် အချိန်တွင် သေလွန်ပြီးသည့် ယုံကြည်သူများကိုလည်း ဘုရားသခင်သည် ခရစ်တော်နှင့်အတူ ယူဆောင်လာမည်ဟု ကျွန်ုပ်တို့ ယုံကြည်၏။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည်
ထိုသားသမီးတို့သည် အသွေးအသားရှိသဖြင့် ကိုယ်တော်သည် အသွေးအသားကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်အသေခံ၍ သေခြင်းကို အစိုးရသော မာရ်နတ်၏တန်ခိုးကို ဖျက်ဆီးကာ
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။