ထို့နောက် မုန့်ခုနစ်လုံးနှင့် ငါးများကို ယူလျက် ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ချိုးဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ပေးဝေကြ၏။
၁ ကော 14:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်သည် စိတ်ဝိညာဉ်နှင့် ဘုရားသခင်ကို ချီးမွမ်းလျှင် အကျွမ်းတဝင်မရှိသေးသောလူတစ်ယောက်သည် သင်ပြောနေသောစကားကို နားမလည်သောကြောင့် ဘုရားသခင်အား သင်ကျေးဇူးတင်သည်ကို အာမင်ဟု မည်သို့ ဝန်ခံပြောဆိုနိုင်မည်နည်း။ Common Language Bible သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။- Garrad Bible စိတ် မ နော ဖြင့် သင် သြ ဘာ ဆက် လျှင် မူ ကား ထို သို့ ချီး မွမ်း ခြင်း ကို တ ပည့် ဖြစ် ရုံ မျှ ရှိ နေ သူ သည် နား မ လည် သော ကြောင့် အာ မင် ဟု မည် သို့ ဝန် ခံ နိုင် အံ့ နည်း။ Judson Bible သို့မဟုတ် သင်သည် စိတ်နှလုံးနှင့် ကျေးဇူးတော်ကို ချီးမွမ်းသောအခါ၊ မတတ်သော လူစုအဝင်ဖြစ်သောသူသည် သင်၏စကားကို နားမလည်သောကြောင့်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသို့လိုက်၍၊ အာမင်ဟု အဘယ်သို့ ဝန်ခံနိုင်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ်လျှင် သင်သည် စိတ်ဝိညာဉ်အားဖြင့် ကျေးဇူးတော်ချီးမွမ်းသောအခါ ကျွမ်းဝင်မှုမရှိသေးသော အုပ်စုအဝင်ဖြစ်သောသူသည် သင်ပြောနေသည့်စကားကို နားမလည်သောကြောင့် သင်၏ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် “အာမင်”ဟု မည်သို့ပြောနိုင်မည်နည်း။ |
ထို့နောက် မုန့်ခုနစ်လုံးနှင့် ငါးများကို ယူလျက် ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ချိုးဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ပေးဝေကြ၏။
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ထို့နောက် တပည့်တော်တို့သည်လည်း အရပ်ရပ်သို့ သွား၍ တရားတော်ကို ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့ဟောပြောသောတရားတော် မှန်ကန်ကြောင်းကိုလည်း နိမိတ်လက္ခဏာများဖြင့် သက်သေပြတော်မူ၏။ ရှင်မာကုခရစ်ဝင်ကျမ်း ပြီးပါပြီ။
ယေရှုပြုတော်မူသော အခြားအမှုများစွာရှိသေး၏။ ထိုအမှုရှိသမျှတို့ကို တစ်ခုချင်း ရေးသားပြုစုရလျှင် ထိုရေးသားပြုစုထားသော ကျမ်းဂန်များသည် ကမ္ဘာမဆံ့သည့်တိုင်အောင် များပြားမည်ဟု ကျွန်ုပ်ထင်မြင်မိပါ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ပြီးပါပြီ။
ထိုအခါ ဂျူးခေါင်းဆောင်များက အံ့အားသင့်လျက် “ဤသူသည် ကျမ်းများကို မသင်ယူဘဲ မည်သို့တတ်မြောက်နေပါသနည်း” ဟု ပြောဆိုကြ၏။
ပေတရုနှင့် ယောဟန်တို့မှာ ပညာတတ်မဟုတ်၊ သာမန်လူသာဖြစ်လျက်နှင့် ထိုသို့ရဲစွမ်းသတ္တိရှိကြသည်ကို မြင်သောအခါ ထိုသူတို့သည် အံ့သြကြ၏။ ထို့ပြင် ယေရှု၏အပေါင်းအဖော်များဖြစ်ကြောင်းကိုလည်း မှတ်မိကြ၏။
ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ ထို့နောက် မုန့်ကို ဖဲ့၍ “ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မေ့သတိရရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အခြားဘာသာစကားအားဖြင့် ဆုတောင်းလျှင် ကျွန်ုပ်၏ စိတ်ဝိညာဉ်သည် ဆုတောင်းနေသော်လည်း ကျွန်ုပ်၏ အသိဉာဏ်အတွက် အကျိုးမရှိ။
အဘယ်ကြောင့်ဆိုသော် အခြားဘာသာစကားကို ပြောဆိုသူသည် လူတို့အား ပြောဆိုသည်မဟုတ်။ ဘုရားသခင်အား ပြောဆိုခြင်းဖြစ်၏။ ထိုသူပြောသောစကားကို မည်သူမျှ နားမလည်ပေ။ သူသည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် လျှို့ဝှက်နက်နဲသောအရာတို့ကို ပြောဆိုနေခြင်းဖြစ်၏။
ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ယေရှုခရစ်တော်၌ သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာပထမစောင် ပြီးပါပြီ။
ဘုရားသခင်၏ ကတိတော်ရှိသမျှတို့သည် ထိုအရှင်၌ “ဟုတ်၏” ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ခရစ်တော်အားဖြင့် “အာမင်” ဟူ၍ ဆိုကြ၏။
ဤအကြောင်းအရာများကို သက်သေခံတော်မူသောအရှင်က “ဧကန်အမှန်ပင် ငါသည် မကြာမီလာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု… ကြွလာတော်မူပါ။
ထိုအခါ သတ္တဝါလေးပါးက “အာမင်” ဟုဆိုကြ၏။ အကြီးအကဲတို့သည်လည်း ဘုရားသခင်နှင့် သိုးသငယ်တော်ကို ဝပ်တွားခယလျက် ကိုးကွယ်ကြ၏။
သူတို့က “အာမင်။ ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ အစွမ်းသတ္တိတို့သည် ငါတို့၏ဘုရားသခင်အပေါ် အစဉ်ထာဝရတည်ရှိပါစေသော။ အာမင်” ဟု ဆိုကြ၏။