ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
၁ ကော 12:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် ကျန်အစိတ်အပိုင်းရှိသမျှတို့သည်လည်း အတူတကွ ခံစားကြရ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဂုဏ်တက်လျှင် ကျန်အစိတ်အပိုင်းရှိသမျှတို့သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။ Common Language Bible အကယ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုက ဝေဒနာခံရလျှင်အခြားအစိတ်အပိုင်းများ သည်လည်းအတူခံရကြ၏။ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုကချီးမွမ်းခြင်းခံရလျှင် အခြားအစိတ်အပိုင်းများသည်လည်းအတူ ဝမ်းမြောက်ရကြ၏။ Garrad Bible အင်္ဂါ တစ် ခု သည် ဒု က္ခ ရောက် လျှင် အင်္ဂါ ရှိ သ မျှ လည်း အ တူ ရောက်၏။ အင်္ဂါ တစ် ခု သည် ဂုဏ် ရောက် လျင် အင်္ဂါ ရှိ သ မျှ လည်း အ တူ ရွှင် လန်း ရ ကြ၏။ Judson Bible သို့ဖြစ်၍၊ အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါတစ်ခုသည် ချီးမြှောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။ |
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ထို့ကြောင့် သင်၏ လက်ယာမျက်စိသည် ထိုတဏှာစိတ်ကို ဖြစ်စေပါက ထုတ်ယူ၍ လွှင့်ပစ်လော့။ ခန္ဓာတစ်ခုလုံး ငရဲသို့ ချခံရခြင်းထက် အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် ပို၍ ကောင်း၏။
ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့။
ဤသည်မှာ ကိုယ်ခန္ဓာတွင် စိတ်ဝမ်းမကွဲဘဲ အင်္ဂါအစိတ်အပိုင်းအချင်းချင်း ဂရုစိုက်ကြရန်ဖြစ်၏။
သင်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်ကြပြီး သင်တို့တစ်ဦးချင်းသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
အချင်းချင်းတို့၏ ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ကြလော့။ ဤသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏ တရားတော်ကို လိုက်နာလိမ့်မည်။
သင်တို့ကိုယ်တိုင် အကျဉ်းကျနေသကဲ့သို့ သဘောထားလျက် အကျဉ်းကျနေသူတို့ကို သတိရလော့။ သင်တို့၏ကိုယ်ခန္ဓာ၌ နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသကဲ့သို့ သဘောထားလျက် နှိပ်စက်ညှဉ်းဆဲခံနေရသောသူတို့ကို သတိရလော့။
အချုပ်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာစိတ်ထား၍ တစ်ဦးကိုတစ်ဦး ညီအစ်ကိုမောင်နှမသဖွယ် ချစ်ကြလော့။ သနားကြင်နာစိတ်ထား၍ နှိမ့်ချကြလော့။