ဆီးရီးယားပြည် အန္တိအုတ်မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဆရာများ ရှိကြ၏။ ထိုသူတို့မှာ ဗာနဗ၊ လူမည်းဟု ခေါ်သောရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စားဟေရုဒ်၏ငယ်ပေါင်း မာနင်နှင့် ရှောလုတို့ဖြစ်ကြ၏။
၁ ကော 11:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောက်ျားသည် ဦးခေါင်းကို ဖုံးအုပ်၍ ဆုတောင်းလျှင်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောလျှင်ဖြစ်စေ မိမိဦးခေါင်းကို ရှုတ်ချရာရောက်၏။ Common Language Bible သို့ဖြစ်၍ယောကျာ်းသည်ဝတ်ပြုအစည်းအဝေး တွင်မိမိ၏ဦးခေါင်းကိုဖုံးအုပ်၍ပတ္ထနာပြု သော်လည်းကောင်း၊ တရားဟောသော်လည်းကောင်း ခရစ်တော်၏အသရေတော်ကိုရှုတ်ချသူ ဖြစ်၏။- Garrad Bible ဦး ထိပ် ကို ဖုံး အုပ် လျက် ပ တ္ထ နာ ပြု သူ၊ ဟော ပြော သူ ယောက်ျား တိုင်း သည် ကိုယ့် ဦး ထိပ် အ သ ရေ ဖျက် ရာ ရောက် ၏။ Judson Bible ယောက်ျားမည်သည်ကား၊ မိမိခေါင်းကို ဖုံးလျက် ဆုတောင်းသော်လည်းကောင်း၊ ပရောဖက်ပြုသော်လည်းကောင်း၊ မိမိခေါင်း အသရေကို ရှုတ်ချ၏။- မြန်မာ့စံမီသမ္မာကျမ်း ဦးခေါင်းကိုဖုံးလျက် ဆုတောင်းခြင်း၊ သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကိုပြုသောယောက်ျားတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။ |
ဆီးရီးယားပြည် အန္တိအုတ်မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဆရာများ ရှိကြ၏။ ထိုသူတို့မှာ ဗာနဗ၊ လူမည်းဟု ခေါ်သောရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စားဟေရုဒ်၏ငယ်ပေါင်း မာနင်နှင့် ရှောလုတို့ဖြစ်ကြ၏။
ယောက်ျားသည် ဆံပင်ရှည်ထားလျှင် ထိုယောက်ျားအတွက် ရှက်စရာဖြစ်ကြောင်း သဘာဝတရားအတိုင်း သိသည်မဟုတ်လော။
မိန်းမသည် ဦးခေါင်းကို မဖုံးအုပ်ဘဲ ဆုတောင်းလျှင်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောလျှင်ဖြစ်စေ မိမိဦးခေါင်းကို ရှုတ်ချရာရောက်၏။ ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်သည်နှင့်အတူတူပင်ဖြစ်၏။
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။