Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 11:4 - Common Language Bible

4 သို့​ဖြစ်​၍​ယောကျာ်း​သည်​ဝတ်​ပြု​အ​စည်း​အ​ဝေး တွင်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​၍​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​ဟော​သော်​လည်း​ကောင်း ခ​ရစ်​တော်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သူ ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ဦး ထိပ် ကို ဖုံး အုပ် လျက် ပ တ္ထ နာ ပြု သူ၊ ဟော ပြော သူ ယောက်ျား တိုင်း သည် ကိုယ့် ဦး ထိပ် အ သ ရေ ဖျက် ရာ ရောက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ယောက်ျား​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို ဖုံး​လျက် ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း အ​သ​ရေ​ကို ရှုတ်​ချ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဦးခေါင်း​ကို​ဖုံး​လျက် ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို​ပြု​သော​ယောက်ျား​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ယောက်ျား​သည် ဦးခေါင်း​ကို ဖုံးအုပ်​၍ ဆုတောင်း​လျှင်​ဖြစ်စေ၊ ပရောဖက်ပြု​ဟောပြော​လျှင်​ဖြစ်စေ မိမိ​ဦးခေါင်း​ကို ရှုတ်ချရာ​ရောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 11:4
11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ခြေ​နင်း​ကို​ချွတ်​ပြီး​လျှင်​ဝမ်း နည်း​သည့်​လက္ခ​ဏာ​ဖြင့် ခေါင်း​မြီး​ခြုံ​၍​ငို ယို​ကာ​သံ​လွင်​တောင်​သို့​တက်​တော်​မူ​၏။ သူ ၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ခေါင်း​မြီး​ခြုံ​၍​ငို​ယို​ကြ​၏။-


မင်း​ကြီး​သည်​မျက်​နှာ​ကို​အုပ်​၍``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား'' ဟု​ကျယ်​လောင်​စွာ​ငို​ကြွေး​တော်​မူ​၏။


ထို​အ​ချိန်​ကာ​လ​တွင်​သား​များ​က မိ​မိ​တို့ ၏​ဖ​ခင်​များ​၏​အ​သ​ရေ​ကို​ရှုတ်​ချ​လိမ့်​မည်။ သ​မီး​များ​က​မိ​ခင်​များ​အား​ဆန့်​ကျင်​ဘက် ပြု​မည်။ ချွေး​မ​များ​က​ယောက္ခ​မ​ကို​ရန်​ဘက် ပြု​မည်။ အိမ်​သား​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏​မိ​သား​စု​ထဲ​မှ​ဖြစ်​လိမ့်​မည်။


အန္တိ​အုတ်​မြို့​အ​သင်း​တော်​တွင် ပ​ရော​ဖက်​များ နှင့်​ဆ​ရာ​များ​ရှိ​၏။ ထို​သူ​တို့​ကား​ဗာ​န​ဗ၊ နိ​ဂါ​ခေါ်​ရှုမောင်၊ ကု​ရေ​နေ​ပြည်​သား​လု​ကိ၊ (စော်​ဘွား​ဟေ​ရုဒ်​၏​ငယ်​သူ​ငယ်​ချင်း​ဖြစ်​သူ) မာ​နင်​နှင့်​ရှော​လု​တို့​တည်း။-


ဆံ​ပင်​ရှည်​သည့်​အ​မျိုး​သား​အ​တွက်​ရှက်​ဖွယ် ရာ​ဖြစ်​ကြောင်း၊-


မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။-


ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။-


ဘု​ရား​သ​ခင်​သည်​ပ​ထ​မ​အ​နေ​ဖြင့်​တ​မန် တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့်​ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့်​ဆ​ရာ​များ​ကို​လည်း ကောင်း၊ ထို​နောက်​နိ​မိတ်​လက္ခ​ဏာ​ပြ​သူ​များ၊ အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​ရ​ရှိ​သူ​များ၊ သူ​တစ်​ပါး တို့​ကို​ကူ​ညီ​သူ​များ၊ ရှေ့​ဆောင်​လမ်း​ပြ နိုင်​စွမ်း​ရှိ​သူ​များ၊ ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​ပြော​နိုင်​သူ​များ​ကို လည်း​ကောင်း​အ​သင်း​တော်​တွင်​ခန့်​ထား တော်​မူ​၏။-


ငါ​သည်​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော​ပြော​နိုင် သော်​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ နှင့်​အ​တတ်​ပ​ညာ​ရှိ​သ​မျှ​တို့​ကို​နား​လည် တတ်​ကျွမ်း​သော်​လည်း​ကောင်း၊ တောင်​များ​ကို ရွှေ့​ပြောင်း​နိုင်​သည့်​ယုံ​ကြည်​ခြင်း​ရှိ​သော် လည်း​ကောင်း​မေတ္တာ​မ​ရှိ​လျှင်​အ​ချည်း​နှီး ပင်​ဖြစ်​၏။-


ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​အား​ဖြင့်​ဟော​ပြော သည့်​တ​ရား​ဒေ​သ​နာ​များ​ကို အ​ဘယ်​အ​ခါ ၌​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ