ထိုကဲ့သို့ပင် များပြားလှသော ကျွန်ုပ်တို့သည်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်း ဖြစ်၍ အချင်းချင်း ဆက်စပ်လျက်ရှိသော အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။
၁ ကော 10:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် အများဖြစ်သော်လည်း ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သည်ကို ပြသရန် မုန့်တစ်လုံးတည်းကို မျှစားကြ၏။ Common Language Bible မုန့်သည်တစ်လုံးတည်းဖြစ်၏။ ထိုမုန့်တစ်လုံး တည်းကိုဆက်ဆံသုံးဆောင်ကြသောကြောင့် ငါ တို့သည်အရေအတွက်အားဖြင့်များသော် လည်းတစ်ကိုယ်တည်းဖြစ်ကြ၏။ Garrad Bible ငါ တို့ ရှိ သ မျှ သည် မုန့် တစ် လုံး တည်း ကို ဆက် ဆံ သုံး ဆောင် ကြ သော ကြောင့် မုန့် တစ် လုံး တည်း ရှိ သည့် အ လျောက် အ များ ဖြစ် သော ငါ တို့ သည် တစ် ကိုယ် တည်း ဖြစ်၏။ Judson Bible မုန့်တစ်လုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တစ်လုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊ အများဖြစ်သော ငါတို့သည် တစ်လုံးတစ်ကိုယ်တည်းဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မုန့်တစ်လုံးတည်းဖြစ်၍ အများဖြစ်သောငါတို့သည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြ၏။ အကြောင်းမူကား ငါတို့အားလုံးသည် ထိုမုန့်တစ်လုံးတည်းကို မျှဝေခံယူကြ၏။ |
ထိုကဲ့သို့ပင် များပြားလှသော ကျွန်ုပ်တို့သည်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်း ဖြစ်၍ အချင်းချင်း ဆက်စပ်လျက်ရှိသော အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။
သင်တို့သည် သခင်ဘုရား၏ ခွက်ကို သောက်လျှင် နတ်ဆိုးတို့၏ ခွက်ကို သောက်၍ မရပေ။ သင်တို့သည် သခင်ဘုရား၏စားပွဲ၌ စားလျှင် နတ်ဆိုးတို့၏ စားပွဲ၌ စား၍ မရပေ။
ယုံကြည်သူများသည် ခရစ်တော်၌ အင်္ဂါအစိတ်အပိုင်းများစွာပါရှိသည့် ကိုယ်ခန္ဓာကဲ့သို့ ဖြစ်ကြ၏။ လူ့ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း ထိုအစိတ်အပိုင်းများစွာသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်၏။
သင်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်ကြပြီး သင်တို့တစ်ဦးချင်းသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် သတင်းကောင်းကို ယုံကြည်သောကြောင့် ဂျူးလူမျိုးတို့နှင့် အတူတကွ အမွေခံဖြစ်ခြင်း၊ ကိုယ်ခန္ဓာတစ်ခုတည်း၌ ဂျူးလူမျိုးတို့နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှုခရစ်တော်ကြောင့် ရရှိသော ကတိတော်ကို ဂျူးလူမျိုးတို့နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။
ဦးခေါင်း ဖြစ်သော ကိုယ်တော်သည် ကိုယ်ခန္ဓာတစ်ခုလုံးကို အပိုအလိုမရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာအစိတ်အပိုင်းတစ်ခုစီတို့သည် ကိုယ်ပိုင် တာဝန်အသီးသီးကို လုပ်ဆောင်သည်နှင့်အမျှ ကိုယ်ခန္ဓာသည် ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်၍ ကြီးပွားတတ်၏။
ထို့ကြောင့် လိမ်လည်၍ မပြောကြနှင့်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် တစ်ဦးကို တစ်ဦး မှန်သောစကားကိုသာ ပြောကြလော့။
သင်တို့ကို ဘုရားသခင် ရွေးချယ်တော်မူသောအခါ တစ်ပါးတည်းသော မျှော်လင့်ချက်အတွက် ရွေးချယ်တော်မူသကဲ့သို့ ကိုယ်ခန္ဓာတစ်ပါးတည်း၊ ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။
သူတို့သည် ဦးခေါင်းဖြစ်သည့် ခရစ်တော်၌ မှီခိုအားထားခြင်း မရှိ။ ထိုဦးခေါင်းဖြစ်သည့် ခရစ်တော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြော အရွတ်များဖြင့် ဆက်စပ်၍ အားဖြည့်လျက် ဘုရားသခင် ကြီးထွားစေလိုတော်မူသည့်အတိုင်း ကြီးထွားကြ၏။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။
သင်တို့သည် ကိုယ်ခန္ဓာတစ်ခုတည်း၏ အစိတ်အပိုင်းများ ဖြစ်၍ ငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးချယ်ခြင်းခံကြရ၏။ ထို့ကြောင့် ခရစ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်းသည် သင်တို့၏ နှလုံးသား၌ စိုးမိုးပါစေသော။ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ကြလော့။