၁ ကော 10:17 - မြန်မာ့စံမီသမ္မာကျမ်း17 မုန့်တစ်လုံးတည်းဖြစ်၍ အများဖြစ်သောငါတို့သည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြ၏။ အကြောင်းမူကား ငါတို့အားလုံးသည် ထိုမုန့်တစ်လုံးတည်းကို မျှဝေခံယူကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 မုန့်သည်တစ်လုံးတည်းဖြစ်၏။ ထိုမုန့်တစ်လုံး တည်းကိုဆက်ဆံသုံးဆောင်ကြသောကြောင့် ငါ တို့သည်အရေအတွက်အားဖြင့်များသော် လည်းတစ်ကိုယ်တည်းဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ငါ တို့ ရှိ သ မျှ သည် မုန့် တစ် လုံး တည်း ကို ဆက် ဆံ သုံး ဆောင် ကြ သော ကြောင့် မုန့် တစ် လုံး တည်း ရှိ သည့် အ လျောက် အ များ ဖြစ် သော ငါ တို့ သည် တစ် ကိုယ် တည်း ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible17 မုန့်တစ်လုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တစ်လုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊ အများဖြစ်သော ငါတို့သည် တစ်လုံးတစ်ကိုယ်တည်းဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ကျွန်ုပ်တို့သည် အများဖြစ်သော်လည်း ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သည်ကို ပြသရန် မုန့်တစ်လုံးတည်းကို မျှစားကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုဦးခေါင်းမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ထောက်မပေးသောအဆစ်ရှိသမျှတို့ဖြင့် အံဝင်ခွင်ကျဆက်စပ်ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရလျက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်ကာ ကိုယ်ခန္ဓာကိုကြီးထွားစေ၏။