ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်သားများဖြစ်ကြသော တုခိတ်နှင့် တရောဖိမ်တို့သည် ပေါလုနှင့်အတူ လိုက်ပါသွားကြ၏။
ဧဖက် 6:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သော အစေခံ ဖြစ်သူ၊ ကျွန်ုပ်၏ ချစ်ခင်ရသောညီ တုခိတ်က ကျွန်ုပ် မည်သို့ ဖြစ်ပြီး မည်သည့်အရာများ လုပ်ဆောင်နေသည်ကို သင်တို့ သိနိုင်ရန် သင်တို့ကို အရာအားလုံး ပြောပြလိမ့်မည်။ Common Language Bible ငါနှင့်ပတ်သက်သောအကြောင်းအရာကိုသင် တို့သိစေခြင်းငှာ သတင်းအလုံးစုံကိုသင် တို့အားတုခိတ်ကပြောပြလိမ့်မည်။ သခင် ဘုရား၏အမှုတော်ကိုဆောင်ရာတွင်သူ သည်ငါတို့အားသစ္စာရှိစွာကူညီသူ၊ ငါ တို့၏ချစ်လှစွာသောညီဖြစ်ပေသည်။- Garrad Bible ချစ် လှ စွာ သော ညီ အစ် ကို၊ အ ရှင် ဘု ရား၌ သ စ္စာ စောင့် သော အ မှု တော် ဆောင် ဖြစ် သူ တု ခိတ် သည် ငါ့ အ ဖြစ် အ ပျက် မှ စ၍ မည် သို့ ရှိ နေ ကြောင်း သင် တို့ သိ ကြ စေ ရန် အ ရာ ရာ ကို ကြား ပြော လိမ့် မည်။ Judson Bible သင်တို့သည် ငါ၌ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှာ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဖော်ပြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါ၌ဖြစ်နေသောအရာများနှင့် ငါပြုနေသည့်အမှုကို သင်တို့လည်းသိရှိနိုင်ရန် သခင်ဘုရား၌သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ပြောပြလိမ့်မည်။ |
ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်သားများဖြစ်ကြသော တုခိတ်နှင့် တရောဖိမ်တို့သည် ပေါလုနှင့်အတူ လိုက်ပါသွားကြ၏။
ထိုအကြောင်းကြောင့် သခင်ဘုရားအပေါ် သစ္စာရှိသော ကျွန်ုပ်၏ချစ်သား တိမောသေကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သူသည် ကျွန်ုပ် ရောက်ခဲ့သောအသင်းတော်တိုင်းတွင် သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်မည်သို့ ယေရှုခရစ်တော်နောက် လိုက်နေကြောင်းကို သင်တို့အား သတိရစေလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တွေ့ကြုံခဲ့သော အဖြစ်အပျက်တို့သည် သတင်းကောင်းကို ပို၍ ပျံ့နှံ့စေကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
သင်တို့သည် ထိုသတင်းကောင်းကို ကျွန်ုပ်တို့နှင့် အစေခံချင်းဖြစ်သည့် ချစ်ခင်ရသော ဧပဖြထံမှ ကြားနာခဲ့ရ၏။ သူသည် ခရစ်တော်၏ သစ္စာရှိသောအမှုဆောင်ဖြစ်ပြီး ကျွန်ုပ်တို့ကိုယ်စား ကူညီဆောင်ရွက်နေသောသူ ဖြစ်၏။
ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။
အာတေမ၊ သို့မဟုတ် တုခိတ်ကို သင့်ထံသို့ ကျွန်ုပ်စေလွှတ်မည်။ ကျွန်ုပ်သည် နိကောပလိမြို့၌ ဆောင်းရာသီကို ဖြတ်သန်းရန် ဆုံးဖြတ်ထားသည်ဖြစ်၍ သူတို့ရောက်သောအခါ ကျွန်ုပ်ထံသို့ လာရန်ကြိုးစားလော့။
သို့သော် ကျွန်ကဲ့သို့ မဟုတ်တော့ဘဲ ကျွန်ထက် ပိုမြတ်သည့် ချစ်ရသောညီအစ်ကိုကဲ့သို့ရှိနေရန် ဆိုလို၏။ သူသည် အထူးသဖြင့် ကျွန်ုပ်အတွက်လည်း ချစ်ခင်ရသောညီအစ်ကိုကဲ့သို့ ဖြစ်၏။ သင့်အတွက်မှာမူ ကျွန်ကဲ့သို့လည်းကောင်း၊ သခင်ဘုရားကို ယုံကြည်ကြသောညီအစ်ကိုကဲ့သို့လည်းကောင်း ပို၍ ချစ်ခင်ရသောသူဖြစ်၏။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ကျွန်ုပ်တို့၏ ချစ်ရသောညီအစ်ကိုပေါလုသည်လည်း ကျွန်ုပ်တို့၏သခင်ဘုရားပေးတော်မူသော ဉာဏ်ပညာဖြင့် သင်တို့ထံ စာရေးခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏သခင်ဘုရား၏ စိတ်ရှည်တော်မူခြင်းသည် သင်တို့ကယ်တင်ခံရရန် ဖြစ်ကြောင်း မှတ်ယူကြလော့။