Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 6:21 - Common Language Bible

21 ငါ​နှင့်​ပတ်​သက်​သော​အ​ကြောင်း​အ​ရာ​ကို​သင် တို့​သိ​စေ​ခြင်း​ငှာ သ​တင်း​အ​လုံး​စုံ​ကို​သင် တို့​အား​တု​ခိတ်​က​ပြော​ပြ​လိမ့်​မည်။ သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရာ​တွင်​သူ သည်​ငါ​တို့​အား​သစ္စာ​ရှိ​စွာ​ကူ​ညီ​သူ၊ ငါ တို့​၏​ချစ်​လှ​စွာ​သော​ညီ​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ချစ် လှ စွာ သော ညီ အစ် ကို၊ အ ရှင် ဘု ရား၌ သ စ္စာ စောင့် သော အ မှု တော် ဆောင် ဖြစ် သူ တု ခိတ် သည် ငါ့ အ ဖြစ် အ ပျက် မှ စ၍ မည် သို့ ရှိ နေ ကြောင်း သင် တို့ သိ ကြ စေ ရန် အ ရာ ရာ ကို ကြား​ ပြော လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သင်​တို့​သည် ငါ၌​ဖြစ်​သော အ​ကြောင်း​အ​ရာ​များ​ကို သိ​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​ထံ၌ သ​စ္စာ​ရှိ​သော ဆ​ရာ​တည်း​ဟူ​သော ငါ​ချစ်​သော​ညီ တု​ခိတ်​သည် အ​လုံး​စုံ​တို့​ကို သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ငါ​၌​ဖြစ်​နေ​သော​အရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အမှု​ကို သင်​တို့​လည်း​သိရှိ​နိုင်​ရန် သခင်​ဘုရား​၌​သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တုခိတ်​သည် အလုံးစုံ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 သခင်ဘုရား​အတွက် သစ္စာရှိ​စွာ အမှုဆောင်သော အစေခံ ဖြစ်သူ၊ ကျွန်ုပ်​၏ ချစ်ခင်ရသော​ညီ တုခိတ်​က ကျွန်ုပ် မည်သို့ ဖြစ်ပြီး မည်သည့်​အရာများ လုပ်ဆောင်နေသည်​ကို သင်တို့ သိ​နိုင်ရန် သင်တို့​ကို အရာ​အားလုံး ပြောပြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 6:21
11 ပူးပေါင်းရင်းမြစ်များ  

ဗေ​ရိ​မြို့​သား​ပု​ရု​၏​သား​ဖြစ်​သူ​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား​များ​ဖြစ်​ကြ​သော အာ​ရိတ္တာ​ခု​နှင့်​သေ​ကန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဖြစ် သူ​ဂါ​ယု၊ အာ​ရှ​နယ်​သား​များ​ဖြစ်​ကြ​သော တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​သည်​လည်း​ကောင်း၊ တိ​မော​သေ​သည်​လည်း​ကောင်း​သူ​နှင့်​အ​တူ လိုက်​သွား​ကြ​၏။-


ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ​မည်။ သူ​သည် ခ​ရစ်​ယာန်​သက်​တမ်း​၌ ငါ​ချစ်​မြတ်​နိုး​၍​သစ္စာ ရှိ​သော​သား​ဖြစ်​ပါ​၏။ သူ​သည်​ငါ​လိုက်​လျှောက် ကျင့်​သုံး​သော​အ​ရပ်​ရပ်​ရှိ​အ​သင်း​တော် အ​ပေါင်း​တို့​အား ငါ​ဟော​ပြော​သွန်​သင်​ခဲ့​သော၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော ဘ​ဝ​သစ်​လမ်း​စဉ်​ကို သင်​တို့​အား​ပြန်​လည် သ​တိ​ရ​စေ​ပါ​လိမ့်​မည်။


ညီ​အစ်​ကို​တို့၊ ငါ​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက် များ​သည်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် အ​ကယ်​ပင်​အ​ထောက်​အ​ကူ​ပေး​ကြောင်း​သင် တို့​အား​သိ​စေ​လို​၏။-


ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​ကြောင်း ကို​သင်​တို့​အား​သင်​ကြား​ပေး​သူ​မှာ ငါ​တို့ နှင့်​အ​တူ​ခ​ရစ်​တော်​၏​အမှု​တော်​ကို​ထမ်း ဆောင်​သူ၊ ငါ​တို့​ချစ်​မြတ်​နိုး​သူ​ဧပဖြ​ဖြစ်​၏။ သူ​သည်​ငါ​တို့​၏​ကိုယ်​စား​သစ္စာ​ရှိ​စွာ​ခ​ရစ် တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ဖြစ် ပေ​သည်။-


ဤ​ညွှန်​ကြား​ချက်​များ​ကို​ညီ​အစ်​ကို​တို့​အား ပေး​အပ်​မည်​ဆို​ပါ​မူ သင်​သည်​မိ​မိ​လိုက်​နာ သည့်​ယုံ​ကြည်​ချက်​နှင့်​မှန်​ကန်​သည့်​အ​ယူ ဝါ​ဒ​ကို​မှီ​ဝဲ​ကျင့်​သုံး​လျက် ခ​ရစ်​တော် ယေ​ရှု​၏​အ​စေ​ခံ​ကောင်း​ဖြစ်​လိမ့်​မည်။-


ငါ​သည်​တု​ခိတ်​ကို​ဧ​ဖက်​မြို့​သို့​စေ​လွှတ်​လိုက်​၏။-


အာ​တေ​မ​ကို​ဖြစ်​စေ၊ တု​ခိတ်​ကို​ဖြစ်​စေ​သင့်​ထံ သို့​ငါ​စေ​လွှတ်​လိုက်​သော​အ​ခါ ငါ​ရှိ​ရာ​နိကော ပလိ​မြို့​သို့​အ​စွမ်း​ကုန်​ကြိုး​စား​၍​လာ​ခဲ့​လော့။ ထို​မြို့​တွင်​ဆောင်း​ရာ​သီ​အ​တွင်း​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ပြီး​ဖြစ်​၏။-


ယ​ခု​အ​ခါ​သူ​သည်​ကျွန်​မျှ​သာ​မ​ဟုတ်​တော့​ဘဲ ခ​ရစ်​တော်​၌​ချစ်​သော​ညီ​အစ်​ကို​ဖြစ်​လာ​ပေ​ပြီ။ သူ​သည်​ငါ​၏​အ​တွက်​အ​လွန်​တန်​ဖိုး​ရှိ​ပေ​သည်။ သို့​ရာ​တွင်​သင်​၏​အ​တွက်​ကျွန်​အ​နေ​နှင့်​လည်း ကောင်း၊ သ​ခင်​ဘု​ရား​၌​ညီ​အစ်​ကို​အ​နေ​နှင့် လည်း​ကောင်း​များ​စွာ​ပို​၍​ပင်​တန်​ဖိုး​ရှိ​မည်။


ငါ​သည်​ဤ​စာ​တို​က​လေး​ကို​သိ​လွာ​နု​၏​အ​ကူ အ​ညီ​ဖြင့် သင်​တို့​ထံ​သို့​ရေး​သား​ပေး​ပို့​လိုက်​၏။ သူ​သည်​သစ္စာ​ရှိ​သော​ညီ​အစ်​ကို​ဟု​ငါ​မှတ်​ယူ​၏။ သင်​တို့​အား​တိုက်​တွန်း​အား​ပေး​စ​ကား​ပြော​ကြား ရန်​နှင့် သင်​တို့​ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​စစ်​အ​မှန် ဖြစ်​ကြောင်း​ကို​သက်​သေ​ခံ​ရန် ဤ​စာ​ကို​ရေး​ပို့ လိုက်​၏။ ထို​ကျေး​ဇူး​တော်​တွင်​ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။


ငါ​တို့​ချစ်​သော​ညီ​အစ်​ကို​ပေါ​လု​သည်​ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သည့်​ဉာဏ်​ပ​ညာ​ဖြင့် သင်​တို့​အား​ရေး​သား​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​ထာ​ဝ​ရ​ဘု​ရား​သည်​စောင့်​ဆိုင်း​သည်း​ခံ တော်​မူ​သည်​မှာ သင်​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​တွက်​အ​ခါ​အ​ခွင့်​ပေး​ခြင်း​ပင်​ဖြစ်​ကြောင်း မှတ်​ယူ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ