သင်တို့အား ငါအမှန်ဆို၏။ သင်တို့မြင်ရသောအရာတို့ကို ရှေးခေတ်က ပရောဖက်များနှင့် ဖြောင့်မတ်သောသူတို့သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရသောအကြောင်းအရာတို့ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။
ဧဖက် 3:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ထိုလျှို့ဝှက်နက်နဲသောအရာကို ဝိညာဉ်တော်မှတစ်ဆင့် မိမိ၏ သန့်ရှင်းသောတမန်တော်များနှင့် ပရောဖက်များကို ယခုအခါ၌ ရှင်းလင်းစွာ ဖွင့်ပြတော်မူသကဲ့သို့ ယခင်ခေတ်ကာလ၌ ဖော်ပြတော်မမူခဲ့ပေ။ Common Language Bible ဘုရားသခင်သည်ထိုနက်နဲသောအရာကို ယခင်ခေတ်အခါများကလူသားတို့အား ဖွင့်ပြတော်မမူခဲ့သော်လည်း ယခုအခါ ၌ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သူတမန် တော်များနှင့်ပရောဖက်များအားဝိညာဉ် တော်အားဖြင့်ဖွင့်ပြတော်မူလေပြီ။- Garrad Bible သီး သန့် သော တ မန် တော် တို့ နှင့် ပ ရော ဖက် တို့ အား ဝိ ညာဉ် တော် အား ဖြင့် ယ ခု ကာ လ ထင် ရှား သည် နှင့် အ မျှ အ ထက် လူ မျိုး အ ဆက် ဆက် တို့ အား ဖော် ပြ တော် မ မူ သော ထို နက် နဲ ရာ မှာ၊ Judson Bible ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ်တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသောကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ထိုလျှို့ဝှက်နက်နဲသောအရာကို မိမိ၏သန့်ရှင်းသောတမန်တော်များနှင့်ပရောဖက်များအား ဝိညာဉ်တော်အားဖြင့် ယခုဖွင့်ပြတော်မူသကဲ့သို့ အခြားသောခေတ်ကာလများ၌ လူသားတို့အား သိစေတော်မမူခဲ့ပေ။ |
သင်တို့အား ငါအမှန်ဆို၏။ သင်တို့မြင်ရသောအရာတို့ကို ရှေးခေတ်က ပရောဖက်များနှင့် ဖြောင့်မတ်သောသူတို့သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရသောအကြောင်းအရာတို့ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။
ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှင်များနှင့် ကျမ်းတတ်ဆရာများကို သင်တို့ထံ စေလွှတ်မည်။ သို့သော် သင်တို့သည် တချို့ကို လက်ဝါးကပ်တိုင်တွင် သတ်ကြလိမ့်မည်။ တချို့ကို ဝတ်ပြုဆောင်များတွင် ရိုက်၍ တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးကြလိမ့်မည်။
ငါပြောဆိုသည်မှာ သင်တို့ မြင်ရသောအရာတို့ကို ရှေးခေတ်က ပရောဖက်များနှင့် ဘုရင်တို့သည် မြင်လိုခဲ့ကြ၏၊ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရသောအကြောင်းအရာတို့ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ” ဟူ၍ ဖြစ်၏။
သို့ဖြစ်၍ ဉာဏ်ပညာတော်နှင့် ပြည့်စုံသောဘုရားသခင် ဟောတော်မူသည်မှာ ‘ငါသည် ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ စေလွှတ်မည်။ သို့သော် သူတို့သည် တချို့ကို သတ်၍ တချို့ကို ညှဉ်းဆဲကြလိမ့်မည်’ ဟူ၍ ဖြစ်၏။
သို့ရာတွင် ခမည်းတော်သည် ငါ့ကိုယ်စား ကူညီမစတော်မူသောအရှင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ ထိုအရှင်သည် သင်တို့အား အရာအားလုံး သွန်သင်၍ ငါပြောခဲ့သမျှကို ပြန်လည်သတိရစေတော်မူလိမ့်မည်။
သမ္မာတရားကို ဖော်ပြသည့်ဝိညာဉ်တော် ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအလုံးစုံကို သွန်သင်ပြသတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိအလိုအလျောက် ဟောပြောတော်မူမည်မဟုတ်။ မိမိကြားသိရသည့် အကြောင်းအရာတို့ကို သင်တို့အား ဟောပြောတော်မူလိမ့်မည်။ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုလည်း ဖော်ပြတော်မူလိမ့်မည်။
ပေတရုက “ဂျူးလူမျိုးတစ်ဦးသည် လူမျိုးခြားများထံ သွားရောက်လည်ပတ်ခြင်း သို့မဟုတ် သူတို့နှင့် ပြောဆိုဆက်ဆံခြင်း မပြုသင့်ကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညမ်းသောသူ မစင်ကြယ်သောသူဟု မခေါ်သင့်ကြောင်း ကျွန်ုပ်အားဘုရားသခင်ဖော်ပြထားခဲ့ပြီ။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
သို့သော် ဘုရားသခင်သည် ဤအရာများကို ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် အရာအားလုံးကို ဆန်းစစ်၍ ဘုရားသခင်၏ နက်နဲသောလျှို့ဝှက်ချက်များကိုပင် ကျွန်ုပ်တို့အား ဖော်ပြပေးတော်မူ၏။
သင်တို့သည် တမန်တော်များနှင့် ပရောဖက်များ၏ အုတ်မြစ်ပေါ်တွင် တည်ဆောက်သော အဆောက်အအုံကဲ့သို့ ဖြစ်ကြပြီး ယေရှုခရစ်တော်ကိုယ်တိုင်သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။
အရာအားလုံးကို ဖန်ဆင်းတော်မူသောဘုရားသခင်ထံ၌ ရှေးယခင်မှစ၍ ဝှက်ထားသည့် ဤလျှို့ဝှက်နက်နဲသော အကြံအစည်တော်သည် မည်သည့်အရာဖြစ်ကြောင်း လူအပေါင်းတို့ကို ဖော်ပြနိုင်ရန် ဖြစ်၏။
သန့်ရှင်းသောပရောဖက်များ ယခင်က ဟောပြောခဲ့သောစကားများနှင့် သင်တို့၏ တမန်တော်များအားဖြင့် ကျွန်ုပ်တို့၏သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသောအရှင်၏ ပညတ်တော်တို့ကို သင်တို့အား သတိရစေလို၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၏ တမန်တော်များ ကြိုတင်ဟောပြောခဲ့သောစကားများကို သတိရကြလော့။