သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
ဧဖက် 2:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည်လည်း ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာနေရာအဖြစ် အခြားသူတို့နှင့်အတူ တည်ဆောက်ခံရလျက် ရှိကြ၏။ Common Language Bible သင်တို့သည်လည်းခရစ်တော်နှင့်တစ်လုံးတစ် ဝတည်းဖြစ်လျက် အခြားသူအပေါင်းတို့နှင့် အတူတည်ဆောက်ခြင်းကိုခံသဖြင့်ဝိညာဉ် တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော် မူရာဌာနတော်ဖြစ်လာကြပေသည်။ Garrad Bible ထို အ ရှင်၌ ငါ တို့ နှင့် အ တူ သင် တို့ လည်း ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် စံ ရာ တော် ဖြစ် သည့် တိုင် အောင် တည် ဆောက် ခြင်း ခံ ရ ကြ သ တည်း။ Judson Bible ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှာ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည်လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူရာအဖြစ်သို့ ထိုသခင်၌ အတူတကွတည်ဆောက်ခြင်းခံရကြ၏။ |
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။
သင်တို့၏ ကိုယ်ခန္ဓာသည် ဘုရားသခင်ထံတော်မှ သင်တို့လက်ခံရရှိထားသည့် ဝိညာဉ်တော်ဟူသော သင်တို့အထဲ၌ ကိန်းဝပ်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် မိမိကိုယ်ကိုယ် မပိုင်ကြ။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် သင်တို့၏နှလုံးသားထဲ၌ ကိန်းဝပ်တော်မူရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍ တည်နေသဖြင့်
ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးတော်မူသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်းကို ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့အပေါ် ဘုရားသခင်မည်မျှ ချစ်တော်မူသည်ကို ကျွန်ုပ်တို့သိ၍ ယုံကြည်သည်နှင့်အညီ ထိုမေတ္တာအပေါ် မှီခိုအားထားကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၍ ချစ်တတ်သောသူသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်၏။ ဘုရားသခင်သည်လည်း ထိုသူနှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။