ဟေဗြဲ 9:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေသည် လူအပေါင်းတို့အား ဘုရားသခင်၏ ပညတ်ချက်တစ်ခုစီတိုင်းကို ကြေညာပြီးလျှင် နွားသငယ်တို့၏ အသွေး၊ ဆိတ်သွေးကို ရေနှင့်ရောကာ ဟုဿုပ်ပင်၏ အညွန့်နှင့် နီသောသိုးမွေးကို အသုံးပြု၍ ကျမ်းစာလိပ်နှင့်တကွ လူအပေါင်းတို့ကို ဖျန်းလေ၏။ Common Language Bible မောရှေသည်ပညတ်တရားတော်တွင်ပါရှိသည့် ပညတ်ရှိသမျှတို့ကိုလူအပေါင်းတို့အား ကြေညာပြီးသောအခါ သိုးမွေးနီနှင့်ဟုဿုတ် ပင်ခက်ကိုအသုံးပြုကာရေနှင့်ရောသောနွား သွေး၊ ဆိတ်သွေးဖြင့်ပညတ်ကျမ်းစာလိပ်ကို လည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ပက်ဖျန်းလေသည်။- Garrad Bible မော ရှေ သည် ပ ညတ် တ ရား တော် အ တိုင်း ပ ညတ် ဟူ သ မျှ ကို လူ ပ ရိ သတ် အား ပြန် ကြား ပြီး နောက် နွား သွေး၊ ဆိတ် သွေး ကို ရေ၊ သိုး မွေး နီ၊ ဟုဿုပ် ညွန့် များ နှင့် တ ကွ ယူ၍ ထို ကျမ်း နှင့် လူ ပ ရိ သတ် ရှိ သ မျှ အ ပေါ် တွင် သွန်း ပက် လျက်၊ Judson Bible တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သော ဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကိုလည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ဖျန်းလျက်၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မောရှေသည် ပညတ်တရားကျမ်း၌ပါသမျှသောပညတ်ချက်တို့ကို လူအပေါင်းတို့အားကြေညာပြီးလျှင် ရေနှင့်ရောနှောသော နွားသငယ်နှင့်ဆိတ်တို့၏သွေးကိုယူ၍ ထိုကျမ်းမှစ၍ လူအပေါင်းတို့ကို နီမြန်းသောသိုးမွေးနှင့်ဟုဿုပ်ညွန့်ဖြင့် ပက်ဖျန်းလျက် |
သူတို့သည် ယေရှုကို ခရမ်းရောင်ဝတ်ရုံ ခြုံပေးကြ၏။ ထို့နောက် ဆူးခက်ဖြင့် ရက်ထားသောသရဖူတစ်ခုကိုလည်း ဦးခေါင်းတော်၌ ဆောင်းပေးကြ၏။
ထိုသို့ ပြက်ရယ်ပြုကြပြီးနောက် ခရမ်းရောင်ဝတ်ရုံကို ချွတ်၍ အဝတ်တော်ကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ခေါ်ဆောင်သွားကြ၏။
စစ်သားများသည် ဆူးခက်ကို သရဖူအဖြစ် ရစ်ခွေပြီး ယေရှု၏ ဦးခေါင်းတော်၌ ဆောင်းစေ၍ ခရမ်းရောင်ဝတ်ရုံကိုလည်း ခြုံစေကြ၏။
ထိုအခါ ယေရှုသည် ဆူးရစ်သရဖူကို ဆောင်း၍ ခရမ်းရောင်ဝတ်ရုံကို ခြုံလျက် ထွက်ကြွလာ၏။ ပိလတ်မင်းက “သူ့ကို ကြည့်ကြလော့” ဟု ဆို၏။
ရှေးကာလ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို ပရောဖက်များမှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောတော်မူ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
အဘယ်ကြောင့်ဆိုသော် နွားထီးနှင့် ဆိတ်တို့၏ သွေးသည် အပြစ်ကို မဖယ်ရှားနိုင်သောကြောင့်ဖြစ်၏။
ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏ သွေးထက် ပို၍ မြတ်သောအရာကို မိန့်ဆိုသည့် ပက်ဖျန်းထားသောသွေးတော်ထံသို့ လည်းကောင်း ရောက်ကြ၏။
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
လူတို့၏ ခန္ဓာအပြင်ပန်းကို စင်ကြယ်စေရန် ဆိတ်သွေး၊ နွားထီး၏သွေးနှင့် နွားမတမ်း၏ပြာတို့ကို ညစ်ညမ်းသောသူတို့အပေါ် ဖျန်းကြ၏။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။