အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
ဟေဗြဲ 9:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သေတမ်းစာကို အတည်ပြုရာတွင် ထိုသေတမ်းစာကို ရေးခဲ့သူ သေဆုံးကြောင်း သက်သေပြရန် လိုအပ်၏။ Common Language Bible သေတမ်းစာအတည်ဖြစ်နိုင်ရန်သေတမ်းစာကို ရေးသားခဲ့သူမှာ အမှန်ပင်သေပြီဖြစ်ကြောင်း အထောက်အထားပြရပေသည်။- Garrad Bible သေ တမ်း စာ ရှိ လျှင် ထား သူ၏ သေ ခြင်း လည်း ရှိ ရ မည်။ Judson Bible အမွေခံစေခြင်းငှာ အခွင့်ပေး၍ စာချုပ်သည်အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။- မြန်မာ့စံမီသမ္မာကျမ်း သေတမ်းစာကိုတင်ပြရာတွင် ထိုသေတမ်းစာကိုရေးထားသူ သေဆုံးပြီဖြစ်ကြောင်း အထောက်အထားပြရန်လိုအပ်၏။ |
အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသကဲ့သို့ လူအပေါင်းတို့သည် ခရစ်တော်ကြောင့် အသက်ပြန်ရှင်ခြင်းအခွင့်ကို ရကြလိမ့်မည်။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည်
ဤသို့ဖြင့် ရွေးချယ်ခြင်းခံရသူများသည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရအမွေကို ရရှိနိုင်ရန် ခရစ်တော်သည် ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ အကြောင်းမှာ ခရစ်တော်သည် ထိုပထမပဋိညာဉ်အောက်တွင် လူတို့ကျူးလွန်ခဲ့သော အပြစ်များကို လွတ်မြောက်စေရန် အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သေတမ်းစာရေးသူအသက်ရှင်စဉ် သူ၏ သေတမ်းစာသည်အတည်မဖြစ်။ ထိုသူ သေဆုံးပြီးမှသာ အတည်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းသော်လည်း ပညတ်ချက်တစ်ခုကို မလိုက်နာလျှင် အလုံးစုံတို့ကို ချိုးဖောက်ရာရောက်သောကြောင့်ဖြစ်၏။