ဤအရာမှာ သူတို့၏အပြစ်များကို ဖယ်ရှားသောအခါ သူတို့နှင့် ဖွဲ့မည့်ပဋိညာဉ်ဖြစ်၏” ဟု ရေးသားထား၏။
ဟေဗြဲ 8:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထာဝရဘုရားမိန့်တော်မူသည်မှာ ထိုကာလပြီးနောက် ငါသည် အစ္စရေးလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည် ငါ၏လူများဖြစ်ကြလိမ့်မည်။ Common Language Bible နောင်အခါ၌ဣသရေလအမျိုးသားတို့နှင့် ငါပြုမည့်ပဋိညာဉ်ဟူမူကား၊ ငါထာဝရဘုရားသည်ငါ့ပညတ်များကို သူတို့၏စိတ်နှလုံးထဲသို့ထည့်သွင်းမည်။ သူတို့၏နှလုံးသားပေါ်မှာရေးသားမည်။ ငါသည်သူတို့ဘုရားဖြစ်မည်။ သူတို့သည်လည်းငါ၏လူစုဖြစ်ကြလိမ့်မည်။ Garrad Bible ထို ကာ လ နောက် ဣ သ ရေ လ အ မျိုး သား တို့ နှင့် ငါ ဖွဲ့ မည့် ပ ဋိ ညာဉ် မှာ သ ဘော ထဲ သို့ ပ ညတ် တ ရား တော် များ ကို ထည့် သွင်း ၍ နှ လုံး ပေါ် တွင် အ က္ခ ရာ တင် လျက် ငါ သည် သူ တို့ ဘု ရား သ ခင် သူ တို့ လည်း ငါ့ လူ မျိုး ဖြစ် သည့် အ လျောက်၊ Judson Bible နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။ |
ဤအရာမှာ သူတို့၏အပြစ်များကို ဖယ်ရှားသောအခါ သူတို့နှင့် ဖွဲ့မည့်ပဋိညာဉ်ဖြစ်၏” ဟု ရေးသားထား၏။
လူတစ်ဦးသည် ပြည့်တန်ဆာနှင့် ပေါင်းဖော်လျှင် ထိုသူသည် ထိုပြည့်တန်ဆာနှင့် တစ်သားတည်းဖြစ်ကြောင်းကို သင်တို့မသိကြသလော။ ကျမ်းစာ၌ “သူတို့ နှစ်ဦးတို့သည် တစ်သားတည်း ဖြစ်ကြလိမ့်မည်” ဟု ဖော်ပြထား၏။
သင်တို့သည် ကျွန်ုပ်တို့ ပြုစုသော ခရစ်တော်ထံမှစာဖြစ်ကြောင်း သိသာထင်ရှား၏။ ဤစာသည် မင်ဖြင့် ရေးသားထားသောစာ မဟုတ်၊ အသက်ရှင်တော်မူသောဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ရေးသားထားသောစာဖြစ်၏။ ကျောက်ပြားပေါ်တွင် ရေးထွင်းထားသောစာမဟုတ်၊ လူ့နှလုံးသားပေါ်တွင် ရေးထွင်းထားသောစာဖြစ်၏။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်းအပေါင်းတို့ကို ဖယ်ရှား၍ သင်တို့နှလုံးသား၌ ထည့်သွင်းထားသော တရားတော်ကို နှိမ့်ချစွာ လက်ခံကြလော့။ ထိုတရားတော်သည် သင်တို့ကို ကယ်တင်နိုင်၏။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။