အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
ဟေဗြဲ 2:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သေခြင်းကို ကြောက်၍ တစ်သက်လုံးကျွန်ကဲ့သို့ နေထိုင်ရသောသူတို့ကို လွတ်မြောက်စေတော်မူ၏။ Common Language Bible ဤနည်းအားဖြင့်သေဘေးကိုကြောက်သဖြင့် တစ်သက်လုံးကျွန်ခံလျက်နေကြရသော သူတို့ကိုလွတ်မြောက်စေတော်မူပေသည်။- Garrad Bible သေ ခြင်း ကို ကြောက် ရွံ့ လျက် တစ် သက် လုံး ကျွန် ခံ သူ တို့ ကို လွတ် မြောက် စေ ရန် အ သွေး အ သား ဖြင့် ခံ ယူ တော် မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သေခြင်းကိုကြောက်ရွံ့သောသဘော၌ တစ်သက်လုံးကျွန်ခံနေရသောသူတို့ကို လွတ်မြောက်စေရန်ဖြစ်၏။ |
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
သို့သော် ဖန်ဆင်းခံလောကသည် သေခြင်းနှင့် ပုပ်သိုးဆွေးမြည့်ခြင်း၏အနှောင်အဖွဲ့မှ ကင်းလွတ်၍ ဘုရားသခင်၏ သားသမီးများနှင့်အတူ ဘုန်းအသရေနှင့် ပြည့်သော လွတ်လပ်ခွင့် ခံစားရမည့်နေ့ရက်ကို မျှော်လင့်လျက် နေ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ထိုမျှလောက်ကြီးမားသော သေဘေးမှ ကယ်တင်တော်မူပြီ။ ထပ်မံ၍လည်း ကယ်တင်တော်မူလိမ့်မည်။ ဆက်လက်၍ ကယ်တင်တော်မူလိမ့်မည်ဟု ကိုယ်တော်ကို ကျွန်ုပ်တို့ မျှော်လင့်ကြ၏။
ပညတ်တရားလက်အောက်၌ နေလိုသောသူတို့… ကျွန်ုပ်မေးပါမည်။ ပညတ်တရား၌ မည်သို့ဆိုထားသည်ကို နားမလည်ကြသလော။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူရဲဘောကြောင်သောစိတ်ကို ပေးတော်မမူဘဲ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သောစိတ်တို့ကို ပေးတော်မူသောကြောင့်ဖြစ်၏။
အမှန်စင်စစ် ကိုယ်တော်ကူညီမစမည့် သူများသည် ကောင်းကင်တမန်များမဟုတ်ဘဲ အာဗြဟံ၏ မျိုးဆက်များဖြစ်ကြောင်း ထင်ရှား၏။