Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ထို​မျှလောက်​ကြီးမားသော သေဘေး​မှ ကယ်တင်​တော်မူပြီ။ ထပ်မံ၍​လည်း ကယ်တင်တော်မူ​လိမ့်မည်။ ဆက်လက်​၍ ကယ်တင်တော်မူ​လိမ့်မည်​ဟု ကိုယ်တော်​ကို ကျွန်ုပ်တို့ မျှော်လင့်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10-11 သင်​တို့​သည်​ငါ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ နာ​ပြု​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​သည်​နှင့် အ​ညီ ကိုယ်​တော်​သည်​ဤ​သို့​ကြောက်​မက် ဖွယ်​ကောင်း​သော​သေ​ဘေး​မှ​ငါ​တို့​အား ကယ်​တင်​တော်​မူ​၏။ နောင်​အ​ခါ​၌​လည်း ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် ငါ​တို့​အား​တစ်​ဖန်​ကယ်​တင်​တော်​မူ​ဦး မည်​ဟု​ငါ​တို့​ယုံ​ကြည်​မျှော်​လင့်​ကြ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့ တောင်း​လျှောက်​သည့်​ဆု​တောင်း​ပတ္ထနာ​များ ကို​နား​ညောင်း​တော်​မူ​၍ ငါ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​လိမ့်​မည်။ လူ​အ​မြောက် အ​မြား​ပင်​လျှင်​ငါ​တို့​အ​တွက်​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​မျှ​လောက် ကြီး​စွာ​သော သေ​ဘေး​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ယ​ခု၌​လည်း ကယ်​လွှတ်​တော်​မူ​သေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဘုရားသခင်​သည် ဤမျှလောက်​ကြီးမား​သော​သေဘေး​မှ ငါ​တို့​ကို​ကယ်နုတ်​တော်မူ​ပြီ။ နောင်တွင်​လည်း ကယ်နုတ်​တော်မူ​လိမ့်မည်။ ဆက်၍​လည်း ကယ်နုတ်​တော်မူ​ဦး​မည်​ဟု ကိုယ်တော်​၌ ငါ​တို့​မျှော်လင့်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:10
14 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ဟောပြောသည့်​အတွက် ဂျူးတို့​သည် အကျွန်ုပ်​ကို ဗိမာန်တော်​ထဲ၌ ဖမ်းဆီး​၍ သတ်​ရန်​ကြိုးစားကြ၏။


ယေရှု​ခရစ်တော်​ကို မယုံကြည်သော ယုဒပြည်​၌​ရှိသည့် လူတို့​၏ လက်​မှ ကျွန်ုပ်​လွတ်​ရန်​နှင့် ဂျေရုဆလင်မြို့​၌ ရှိသည့် ယုံကြည်သူများ​သည် ကျွန်ုပ်​ယူဆောင်လာမည့် အလှူ​ကို လက်ခံ​လိုသော​စိတ် ရှိ​စေရန် ဆုတောင်းကြလော့။


သေဒဏ်​စီရင်ခြင်း​ခံရပြီ​ဟု ပင် ကျွန်ုပ်တို့​ထင်မှတ်ခဲ့ကြ၏။ သို့သော် ဤသို့​ဖြစ်ပျက်ရခြင်း​က ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် အားမကိုးဘဲ သေလွန်သော​သူတို့​ကို ပြန်ရှင်စေတော်မူသော ဘုရားသခင်​ကိုသာ အားကိုး​ရန် ဖြစ်၏။


တချို့​သည် ကျွန်ုပ်တို့​ကို တမန်တော်​အဖြစ် အသိအမှတ်​မပြုကြ​သော်လည်း ကျွန်ုပ်တို့​သည် ထင်ပေါ်​ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူ​ကဲ့သို့​ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်​ခံရသူများ​ကဲ့သို့​ဖြစ်သော်လည်း အသတ်​မခံရကြ။


သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။


သို့သော်လည်း ကျွန်ုပ်​သည် လူမျိုးခြားတို့​အား သတင်းကောင်း​ကို ပြည့်စုံ​စွာ ဟောပြော​ရန်အတွက် သခင်ဘုရား​သည် ကျွန်ုပ်​ဘက်မှ ရပ်တည်​၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ကျွန်ုပ်​ကို ခြင်္သေ့​ခံတွင်း​မှ ကယ်နှုတ်တော်မူ၏။


ထာဝရဘုရား​သည် ယခင်​က ထိုသို့​ပြုတော်မူ​သောကြောင့် ဘုရားတရား​ကိုင်းရှိုင်းသူတို့​ကို ဆင်းရဲဒုက္ခ​ထဲမှ မည်သို့​ကယ်တင်​ရမည်​ကို​လည်းကောင်း၊ မဖြောင့်မတ်သောသူတို့​ကို တရားစီရင်ရာနေ့​တိုင်အောင် မည်သို့​အပြစ်ဒဏ်ပေး​၍ ထိန်းသိမ်းထား​ရမည်​ကို​လည်းကောင်း သိတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ