အဘယ်ကြောင့်ဆိုသော် မကောင်းသောကြံစည်ခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ လူသတ်ခြင်း၊
ဟေဗြဲ 12:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူမျှ တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ အစာတစ်နပ်အတွက် သားဦးအရိုက်အရာကို ရောင်းခဲ့သည့် ဧသောကဲ့သို့ ဘုရားတရားမဲ့သူမဖြစ်စေရန် သတိပြုလော့။ Common Language Bible အဘယ်သူမျှဧသောကဲ့သို့မသမာသူ၊ လောကီဆန်သူမဖြစ်စေနှင့်။ ဧသောသည် သားဦးအရာကိုထမင်းတစ်နပ်စာဖြင့် ရောင်းခဲ့ပေသည်။- Garrad Bible မ တ ရား သော မေ ထုန် ပြု သူ သြ ရ သ ရိုက် ရာ ကို တစ် နပ် စာ နှင့် ရောင်း ချ သော ဧ သော ကဲ့ သို့ တ ရား လွတ် သူ မ ရှိ စေ ခြင်း ငှာ လည်း ကောင်း သ တိ မူ ကြ လော့။ Judson Bible မတရားသော မေထုန်၌မှီဝဲသောသူ မရှိစေခြင်းငှာလည်းကောင်း၊ တစ်နပ်စာအဖိုးနှင့် သားဦးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရို မသေပြုသောသူ မရှိစေခြင်းငှာလည်းကောင်း၊ သတိနှင့် ကြည့်ရှုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း တရားနှင့်မညီမေထုန်ပြုသူ၊ သို့မဟုတ် အစားတစ်နပ်အတွက် မိမိ၏သားဦးအရိုက်အရာကိုရောင်းသည့် ဧသောကဲ့သို့ ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။ |
အဘယ်ကြောင့်ဆိုသော် မကောင်းသောကြံစည်ခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ လူသတ်ခြင်း၊
ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် သွေးကို စားသုံးခြင်းတို့မှရှောင်ကြဉ်ရန်သာ စာရေး၍ မှာကြားသင့်ကြောင်း ကျွန်ုပ်ယူဆပါ၏။
သင်တို့သည် ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ရမည်။ သင်တို့သည် ထိုအရာများနှင့် ကင်းရှင်းလျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။
ထိုသူတို့ထဲမှ တချို့သည် လိင်မှုကျူးလွန်သကဲ့သို့ ကျွန်ုပ်တို့သည် မကျူးလွန်ဘဲနေကြကုန်စို့။ ထိုသို့ သူတို့သည် လိင်မှုကျူးလွန်ကြသောကြောင့် တစ်နေ့အတွင်း လူနှစ်သောင်းသုံးထောင် သေကြရ၏။
နောက်တစ်ကြိမ် ကျွန်ုပ်ရောက်လာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ကျွန်ုပ်ကို နှိမ့်ချတော်မူ၍ ယခင်က ကျူးလွန်ခဲ့သည့် စက်ဆုပ်ညစ်ညမ်းခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ကာမဂုဏ်လိုက်စားခြင်းတို့ကို ယခုတိုင်အောင် ကျူးလွန်လျက် နောင်တမရသေးသောသူများစွာအတွက်ကြောင့် ကျွန်ုပ်ဝမ်းနည်းရမည်ကိုလည်း စိုးရိမ်၏။
တရားနှင့် မညီသော မေထုန်ကို ပြုခြင်း၊ အမျိုးမျိုးသော စက်ဆုပ်ညစ်ညမ်းမှုပြုခြင်း၊ လောဘလွန်ကြူးခြင်းတို့သည် ယုံကြည်သူများအတွက် မသင့်လျော်သည့် ဒုစရိုက်အမှုများ ဖြစ်သောကြောင့် သင်တို့ထဲ၌ အရိပ်အယောင်မျှပင် မရှိစေနှင့်။
တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သည့် လောဘလွန်ကြူးသောသူ တစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် ဖြောင့်မတ်သူတို့အတွက် ချမှတ်ထားသည်မဟုတ်ဘဲ ပညတ်တရားကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရားမကိုင်းရှိုင်းသူများ၊ မိဘကို သတ်သူများ၊ လူသတ်သမားများ၊
ထိမ်းမြားလက်ထပ်ခြင်းကို လူတိုင်းတန်ဖိုးထားလေးစားရမည်။ အိမ်ထောင်ရေးတွင် တစ်ဦးကိုတစ်ဦး သစ္စာရှိရမည်။ ဘုရားသခင်သည် တရားနှင့်မညီသော မေထုန်ကို ပြုသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူတို့ကို စီရင်တော်မူလိမ့်မည်။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။
မြို့ပြင်တွင်မူ ခွေးဖြစ်သောသူများ၊ ပြုစားသောသူများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ခြင်းကို နှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ ရှိကြ၏။