ဟေဗြဲ 12:16 - မြန်မာ့စံမီသမ္မာကျမ်း16 တရားနှင့်မညီမေထုန်ပြုသူ၊ သို့မဟုတ် အစားတစ်နပ်အတွက် မိမိ၏သားဦးအရိုက်အရာကိုရောင်းသည့် ဧသောကဲ့သို့ ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible16 အဘယ်သူမျှဧသောကဲ့သို့မသမာသူ၊ လောကီဆန်သူမဖြစ်စေနှင့်။ ဧသောသည် သားဦးအရာကိုထမင်းတစ်နပ်စာဖြင့် ရောင်းခဲ့ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible16 မ တ ရား သော မေ ထုန် ပြု သူ သြ ရ သ ရိုက် ရာ ကို တစ် နပ် စာ နှင့် ရောင်း ချ သော ဧ သော ကဲ့ သို့ တ ရား လွတ် သူ မ ရှိ စေ ခြင်း ငှာ လည်း ကောင်း သ တိ မူ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible16 မတရားသော မေထုန်၌မှီဝဲသောသူ မရှိစေခြင်းငှာလည်းကောင်း၊ တစ်နပ်စာအဖိုးနှင့် သားဦးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရို မသေပြုသောသူ မရှိစေခြင်းငှာလည်းကောင်း၊ သတိနှင့် ကြည့်ရှုကြလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 မည်သူမျှ တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ အစာတစ်နပ်အတွက် သားဦးအရိုက်အရာကို ရောင်းခဲ့သည့် ဧသောကဲ့သို့ ဘုရားတရားမဲ့သူမဖြစ်စေရန် သတိပြုလော့။ အခန်းကိုကြည့်ပါ။ |
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
နောက်တစ်ဖန် ငါလာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ငါ့ကိုနှိမ့်ချတော်မူ၍ ယခင်က အပြစ်ကျူးလွန်ခဲ့လျက်ပင် မိမိတို့ပြုကျင့်ခဲ့သည့် ညစ်ညူးခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းတို့ကို နောင်တမရသေးသောသူများစွာရှိသည့်အတွက် ငါဝမ်းနည်းကြေကွဲရမည်ကိုလည်း ငါစိုးရိမ်၏။
ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။
တစ်နည်းအားဖြင့် ပညတ်တရားသည် ဖြောင့်မတ်သောသူအတွက်ရှိသည်မဟုတ်ဘဲ တရားမဲ့သောသူများနှင့်နာခံမှုမရှိသောသူများ၊ ဘုရားတရားမဲ့သောသူများနှင့်အပြစ်သားများ၊ မသန့်ရှင်းသောသူများနှင့်ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူများ၊ ဖခင်ကိုသတ်သောသူများနှင့်မိခင်ကိုသတ်သောသူများ၊ လူသတ်သမားများ၊