ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
ဟေဗြဲ 11:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှင်ဘုရင်၏အမျက်ကို မကြောက်ဘဲ ယုံကြည်ခြင်းဖြင့် အီဂျစ်ပြည်ကို စွန့်ခွာ၍ မမြင်နိုင်သော ဘုရားသခင်ကို မြင်ရသကဲ့သို့ ဇွဲလုံ့လထားခဲ့၏။ Common Language Bible မောရှေသည်ယုံကြည်ခြင်းအားဖြင့်ရှင်ဘုရင် ၏အမျက်တော်သင့်မည်ကိုမကြောက်ဘဲအီဂျစ် ပြည်မှထွက်ခွာခဲ့၏။ သူသည်မျက်စိဖြင့်မတွေ့ မမြင်နိုင်သောဘုရားသခင်အားတွေ့မြင်ရ ဘိသကဲ့သို့နောက်မဆုတ်ဘဲနေ၏။- Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် သူ သည် မျက် မြင် မ ရ သော အ ရှင် ကို ဖူး မျှော် ရ သ ကဲ့ သို့ တည် ကြည် စွာ နေ လျက် ဘု ရင် မင်း အ မျက် ကို မ ကြောက် ဘဲ အိ ဂျစ် ပြည် ကို စွန့်၏။ Judson Bible ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကို စွန့်သွား၏။ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် မမြင်ရသောအရှင်ကိုမြင်နေရသကဲ့သို့ သည်းခံတည်ကြည်ခဲ့သည်ဖြစ်၍ ရှင်ဘုရင်၏ပြင်းစွာသောဒေါသကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်ကိုစွန့်ခွာခဲ့၏။ |
ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
သင်တို့သည် ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ထိုသူအကြောင်းကို ဒါဝိဒ်မင်းက ‘ငါသည် ထာဝရဘုရားကို အစဉ်ဖူးမြင်ပါ၏။ ကိုယ်တော်သည် ငါ့အနား၌ ရှိတော်မူသောကြောင့် ငါသည် တုန်လှုပ်ခြင်းမရှိ။
မေတ္တာသည် အစဉ်အမြဲကြံ့ကြံ့ခံတတ်၏။ အစဉ်အမြဲယုံကြည်တတ်၏။ အစဉ်အမြဲ မျှော်လင့်တတ်၏။ အစဉ်အမြဲသည်းခံတတ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယခုမြင်ရသောအရာများကို အာရုံမစိုက်ဘဲ မမြင်ရသောအရာများကိုသာ အာရုံစိုက်ကြ၏။ မြင်ရသောအရာများသည် မကြာမီပျောက်ကွယ်သွားမည်ဖြစ်ပြီး မမြင်ရသောအရာများသည် ထာဝရတည်မြဲလိမ့်မည်။
သားတော်သည် မျက်စိဖြင့်မမြင်ရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဘုရားသခင်ဖန်ဆင်းတော်မူသမျှသော အရာအားလုံးတွင် သားဦးဖြစ်တော်မူ၏။
ထာဝရဘုရင်ဖြစ်တော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ လူ့မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
ဘုရားသခင်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းတော်မူ၍ ကိုယ်တော်သည် မည်သူမျှ မချဉ်းကပ်နိုင်သည့် အလင်း၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်ကို မည်သူမျှ မမြင်ဖူးသကဲ့သို့ မြင်လည်း မမြင်နိုင်။ ကိုယ်တော်၌ ဂုဏ်အသရေနှင့် ထာဝရဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။
သင်တို့သည် အလင်းသို့ ရောက်ပြီးနောက် ပြင်းထန်သောဆင်းရဲဒုက္ခများကို ခံစားခဲ့ကြရသော်လည်း ကြံကြံ့ခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်သောအရာများကို ရမည်ဟု စိတ်ချပြီး မမြင်သေးသောအရာများကို အမှန်တကယ် ရှိသည်ဟု သိမှတ်ခြင်းပင် ဖြစ်၏။
ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။
ထိုသို့ အာဗြဟံသည် စိတ်ရှည်စွာ စောင့်ဆိုင်းပြီးနောက် ဘုရားသခင်ကတိထားတော်မူသောအရာကို ရရှိခဲ့၏။
အဆုံးတိုင်အောင် စိတ်ရှည်သည်းခံသောသူတို့သည် မင်္ဂလာရှိသည်ဟု ကျွန်ုပ်တို့ယူဆ၏။ ယောဘ၏စိတ်ရှည်သည်းခံမှုအကြောင်းကို သင်တို့အားလုံး ကြားကြပြီ။ ထာဝရဘုရားသည် သနားကြင်နာခြင်းနှင့် ကရုဏာအပြည့်ရှိသောကြောင့် အဆုံးတွင် ယောဘကို မည်သို့ကြည့်ရှုသည်ကိုလည်း သင်တို့သိကြပြီ။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။