ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
လုကာ 8:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော် အခြားသောသူတို့သည် ‘ကြည့်သော်လည်း မမြင်စေရန် နားထောင်သော်လည်း နားမလည်စေရန်’ ပုံဥပမာအားဖြင့် ပြောရခြင်းဖြစ်၏။ Common Language Bible ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။ Garrad Bible ကိုယ် တော် က သင် တို့ မှာ ဘု ရား သ ခင့် နိုင် ငံ တော် နှင့် စပ် လျဉ်း သည့် နက် နဲ ရာ များ ကို သိ ခွင့် ရ ကြ ၏။ ကျန် ကြွင်း သူ တို့ ကို ကား ကြည့် လျက် ပင် သိ မြင် ခြင်း၊ ကြား လျက် ပင် နား လည် ခြင်း ကင်း စေ ရန် ဥ ပ မာ များ ဖြင့် ဟော ပြော ရ ၏။ Judson Bible ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထား၏။ အခြားသောသူတို့မူကား မြင်လျက်ပင် မမြင်စေရန်နှင့် ကြားလျက်ပင် နားမလည်စေရန် သူတို့အား ပုံဥပမာများဖြင့်ဟောပြောရ၏။ မြန်မာ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။ |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော်လည်း အပြင်လူများအတွက်မှာမူ ပုံဥပမာဖြင့် ပြောပြရ၏။
အဘယ်ကြောင့်ဆိုသော် ‘သူတို့သည် ငါလုပ်ဆောင်သည့်အရာကို ကြည့်လျက်နှင့်ပင် သဘောမပေါက်နိုင်ကြ။ ငါပြောသည့်စကားကို နားထောင်လျက်နှင့်ပင် နားမလည်။ အကယ်၍ သူတို့သည် သဘောပေါက်၍ နားလည်ပါက ငါ့ထံသို့ ပြောင်းလဲ၍ ခွင့်လွှတ်တော်မူခြင်းကို ခံရကြလိမ့်မည်’ ” ဟု မိန့်တော်မူ၏။
“ဘုရားသခင်သည် သူတို့၏ မျက်စိကို ကွယ်စေ၍ စိတ်နှလုံးကို မာကျောစေတော်မူသဖြင့် သူတို့၏ မျက်စိသည် မမြင်နိုင်ကြ။ စိတ်ထဲ၌လည်း နားမလည်နိုင်ကြ။ သူတို့သည် ဘုရားသခင်ထံ ပြန်မလှည့်လာသောကြောင့် ဘုရားသခင်၏ကုသမှုကိုလည်း မခံယူနိုင်ကြ” ဟု ဟောပြောခဲ့ သောကြောင့်ဖြစ်၏။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
ဤဆုကျေးဇူးအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသောသူမှာ တစ်ပါးတည်းသော ဝိညာဉ်တော်ဖြစ်တော်မူ၏။ ထိုဝိညာဉ်တော်တစ်ပါးတည်းကသာ မိမိအလိုအတိုင်း ထိုဆုကျေးဇူးတို့ကို တစ်ဦးစီအား အသီးသီးဝေငှပေးတော်မူ၏။
ဤသို့ကြိုးပမ်းရခြင်းသည် သူတို့စိတ်ခွန်အား ရရှိ၍ အချင်းချင်း ချစ်ခင်စည်းလုံးလာကြရန် ဖြစ်၏။ သို့မှသာ သူတို့သည် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာဖြစ်သည့် ခရစ်တော်ကို သိရှိနားလည်ကြောင်း စိတ်ချမှုအပြည့် ရှိနိုင်မည် ဖြစ်၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။