Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 တပည့်တော်တို့​က “ထို​ပုံဥပမာ​၏​အနက်အဓိပ္ပာယ်​သည် မည်သို့နည်း” ဟု မေးလျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 တ​ပည့်​တော်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထို ဥ ပ မာ အ ဓိ ပ္ပါယ် ကို တ ပည့် တော် တို့ မေး လျှောက် ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 တ​ပည့်​တော်​တို့​က​လည်း၊ ထို​ဥ​ပ​မာ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား အ​ဘယ်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 တပည့်​တော်​တို့​က ဤ​ပုံ​ဥပမာ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

9 တ​ပည့်​တော်​တို့​က​လည်း၊ ထို​ဥ​ပ​မာ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား အ​ဘယ်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:9
9 ပူးပေါင်းရင်းမြစ်များ  

တပည့်တော်များ​သည် လာ​၍ “သခင်​သည် လူတို့​အား ဟောပြော​ရာတွင် အဘယ်ကြောင့် ပုံဥပမာများ​ကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်​အား မေးလျှောက်ကြ၏။


မျိုးစေ့​ကြဲသူ​ပုံဥပမာ​၏ အနက်​အဓိပ္ပာယ်​ကို နားထောင်ကြလော့။


ထို့နောက် ယေရှု​သည် လူထု​ကို အပြင်​၌​ထားခဲ့​၍ အိမ်​ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့​က “လယ်​၌​ရှိသော ပေါင်းပင်များ​ပုံဥပမာ​ကို အကျွန်ုပ်တို့​အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။


ထိုအခါ ပေတရု​က “ခံတွင်း​သို့ ဝင်သော​အရာ​သည် လူ​ကို ညစ်ညမ်းစေသည်​မဟုတ်ပါ​ဟူသည့် ပုံဥပမာ​စကား​ကို အကျွန်ုပ်တို့​အား ရှင်းပြတော်မူပါ” ဟု လျှောက်လေ၏။


လူထုပရိသတ်​ရှင်းချိန်​၌ တပည့်တော်​ဆယ့်နှစ်ပါး​နှင့်တကွ ကိုယ်တော့်​အနား​တွင် ဝန်းရံကြသော​သူတို့​က ပုံဥပမာများ​၏ အဓိပ္ပာယ်​ကို မေးလျှောက်ကြ၏။


ပုံဥပမာများ​မသုံးဘဲ လူထု​ပရိသတ်တို့​အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များ​နှင့် သီးခြားရှိချိန်​တွင် ထို​ပုံဥပမာများ​၏ အနက်အဓိပ္ပာယ်​ကို သူတို့​အား ရှင်းပြတော်မူ၏။


ယခု​မှစ၍ သင်တို့​ကို ‘ကျွန်’ ဟူ၍ ငါ​ခေါ်တော့မည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်​သည် မိမိ​သခင် လုပ်ဆောင်နေသော​အရာ​ကို မသိပေ။ ငါ​ကမူ ခမည်းတော်​ပြောပြ​သမျှ​ကို သင်တို့​အား အကုန်အစင်​ပြော၏။ ထို့ကြောင့် ယခု သင်တို့​ကို ‘မိတ်ဆွေ’ ဟူ၍ ငါ​ခေါ်ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ