လုကာ 8:10 - Common Language Bible10 ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ကိုယ် တော် က သင် တို့ မှာ ဘု ရား သ ခင့် နိုင် ငံ တော် နှင့် စပ် လျဉ်း သည့် နက် နဲ ရာ များ ကို သိ ခွင့် ရ ကြ ၏။ ကျန် ကြွင်း သူ တို့ ကို ကား ကြည့် လျက် ပင် သိ မြင် ခြင်း၊ ကြား လျက် ပင် နား လည် ခြင်း ကင်း စေ ရန် ဥ ပ မာ များ ဖြင့် ဟော ပြော ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထား၏။ အခြားသောသူတို့မူကား မြင်လျက်ပင် မမြင်စေရန်နှင့် ကြားလျက်ပင် နားမလည်စေရန် သူတို့အား ပုံဥပမာများဖြင့်ဟောပြောရ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော် အခြားသောသူတို့သည် ‘ကြည့်သော်လည်း မမြင်စေရန် နားထောင်သော်လည်း နားမလည်စေရန်’ ပုံဥပမာအားဖြင့် ပြောရခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ10 ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။ အခန်းကိုကြည့်ပါ။ |
ယင်းသို့ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာသင် တို့အပေါင်းသည်အားတက်လျက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လာစေရန် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့်သင်တို့သည် စစ်မှန်စွာသိရှိနားလည်ခြင်းအားဖြင့် စိတ် ချမှုကိုကြွယ်ဝပြည့်စုံစွာရရှိကြလိမ့် မည်။ ဤနည်းအားဖြင့်သင်တို့သည်ခရစ် တော်တည်းဟူသောဘုရားသခင်၏နက်နဲ ရာကိုသိရှိကြလိမ့်မည်။-
ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
အဘယ်ကြောင့်ဆိုသော်၊ `သူတို့သည်ကြည့်လျက်နှင့်လည်းမမြင်၊ ကြားလျက်နှင့်လည်းနားမလည်ကြ။ အကယ်၍သူတို့သာမြင်၍နားလည်ပါမူ ဘုရားသခင်ထံတော်သို့ပြောင်းလဲကြမည် ဖြစ်သဖြင့်၊ ကိုယ်တော်သည်သူတို့အားအပြစ် ဖြေလွှတ်တော်မူပေအံ့' ဟုကျမ်းစာလာသောကြောင့်ဖြစ်၏'' ဟူ၍မိန့်တော်မူ၏။