သို့သော် ထိုကျွန်သည် ထွက်သွားပြီးနောက် သူ့အား ငွေဒင်္ဂါးပြားတစ်ရာ အကြွေးတင်နေသော ကျွန်ဖော်ချင်းတစ်ဦးကို တွေ့လျှင် ထိုသူ၏ လည်ကိုညှစ်၍ ‘သင်ချေးယူထားသောအကြွေးကို ဆပ်လော့’ ဟု ဆိုလေ၏။
လုကာ 7:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “အကြွေးရှင်တစ်ဦး၌ အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးတွင် ငွေဒင်္ဂါးပြားငါးရာ၊ အခြားတစ်ဦးတွင် ငွေဒင်္ဂါးပြားငါးဆယ် အကြွေးရှိ၏။ Common Language Bible သခင်ယေရှုက ``ငွေချေးစားသူတစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးကငွေဒင်္ဂါး ငါးရာ၊ အခြားတစ်ဦးကငါးဆယ်အကြွေး တင်၏။- Garrad Bible ကိုယ် တော် က ငွေ ရှင် တစ် ဦး၌ မြီ စား နှစ် ယောက် ရှိ ရာ တစ် ယောက် မှာ ငွေ ငါး ရာ၊ တစ် ယောက် မှာ ငွေ ငါး ဆယ် ကြွေး တင်၍ မ ဆပ် နိုင် ကြ သ ဖြင့်၊ Judson Bible ယေရှုက၊ ဥစ္စာရှင်တစ်ဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တစ်ယောက်၌ကား ဒေနာရိအပြားငါးရာ၊ တစ်ယောက်၌ကား ငါးဆယ်ကြွေးရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ကြွေးရှင်တစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးသည် ဒေနာရိငါးရာ၊ အခြားတစ်ဦးသည် ဒေနာရိငါးဆယ်အကြွေးတင်၏။ မြန်မာ ယေရှုက၊ ဥစ္စာရှင်တစ်ဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တစ်ယောက်၌ကား ဒေနာရိအပြားငါးရာ၊ တစ်ယောက်၌ကား ငါးဆယ်ကြွေးရှိ၏။- |
သို့သော် ထိုကျွန်သည် ထွက်သွားပြီးနောက် သူ့အား ငွေဒင်္ဂါးပြားတစ်ရာ အကြွေးတင်နေသော ကျွန်ဖော်ချင်းတစ်ဦးကို တွေ့လျှင် ထိုသူ၏ လည်ကိုညှစ်၍ ‘သင်ချေးယူထားသောအကြွေးကို ဆပ်လော့’ ဟု ဆိုလေ၏။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
သို့သော်ယေရှုက “ထိုသူတို့အတွက် စားစရာကို သင်တို့ပေးကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တို့က “အကျွန်ုပ်တို့သည် သွား၍ ငွေဒင်္ဂါးပြားနှစ်ရာဖြင့် မုန့်ကိုဝယ်ကာ သူတို့အား ကျွေးရပါမည်လော” ဟု ဖြေဆိုကြ၏။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ ဖြားယောင်းသွေးဆောင်ရာသို့ ကျရောက်စေတော်မမူပါနှင့်’ ဟူ၍ တောင်းကြလော့” ဟု မိန့်တော်မူ၏။
သို့သော် မိမိသခင်၏အလိုကို မသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ခံထိုက်သောအမှုကို ကျူးလွန်မိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရလိမ့်မည်။ များစွာရရှိထားသောသူထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံခံရသော သူထံမှ ပို၍ တောင်းလိမ့်မည်။
ထို့ပြင် ရှိလောင်မျှော်စင်လဲပြိုသောကြောင့် ပိ၍ သေဆုံးသောလူဆယ့်ရှစ်ဦးသည် ဂျေရုဆလင်မြို့ရှိ အခြားလူများထက် ပို၍ အပြစ်ကြီးသည်ဟု ထင်ကြသလော။
ယေရှုက ထိုသူအား “ရှိမုန်… ငါသည် သင့်အားပြောစရာတစ်ခုရှိ၏” ဟူ၍ မိန့်တော်မူလျှင် ရှိမုန်ကလည်း “မိန့်တော်မူပါ ဆရာတော်” ဟု လျှောက်လေ၏။
ထို့ကြောင့် သင့်အား ငါပြောလိုသည်မှာ သူ၏အပြစ်သည် အလွန်များပြားလှသော်လည်း သူသည် ခွင့်လွှတ်ခြင်းကို ခံရပြီ။ ထို့ကြောင့် သူသည် ငါ့ကို များစွာ ချစ်တော်မူ၏။ အနည်းငယ်သောအပြစ်လွှတ်ခြင်းကို ခံရသောသူသည် အနည်းငယ်သာချစ်တော်မူ၏” ဟု မိန့်တော်မူ၏။
လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် ဘုရားသခင်၏ ဘုန်းကြီးသောစံနှုန်းကို မမီနိုင်ကြ။
လူတို့အနေဖြင့် မိမိတို့မည်မျှအပြစ်များကြောင်း သိမြင်လာကြရန် ဘုရားသခင်သည် ပညတ်တရားကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့ပို၍ အပြစ်ကျူးလွန်လေ ဘုရားသခင်၏ကျေးဇူးတော်သည် ပို၍ ကြွယ်ဝလေဖြစ်၏။