Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 7:41 - မြန်မာ

41 ယေ​ရှု​က၊ ဥ​စ္စာ​ရှင်​တစ်​ဦး၌ ကြွေး​စား​နှစ်​ဦး​ရှိ၏။ တစ်​ယောက်၌​ကား ဒေ​နာ​ရိ​အ​ပြား​ငါး​ရာ၊ တစ်​ယောက်၌​ကား ငါး​ဆယ်​ကြွေး​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

41 သ​ခင်​ယေ​ရှု​က ``ငွေ​ချေး​စား​သူ​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​က​ငွေ​ဒင်္ဂါး ငါး​ရာ၊ အ​ခြား​တစ်​ဦး​က​ငါး​ဆယ်​အ​ကြွေး တင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 ကိုယ် တော် က ငွေ ရှင် တစ် ဦး၌ မြီ စား နှစ် ယောက် ရှိ ရာ တစ် ယောက် မှာ ငွေ ငါး ရာ၊ တစ် ယောက် မှာ ငွေ ငါး ဆယ် ကြွေး တင်၍ မ ဆပ် နိုင် ကြ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 ယေ​ရှု​က၊ ဥ​စ္စာ​ရှင်​တစ်​ဦး၌ ကြွေး​စား​နှစ်​ဦး​ရှိ၏။ တစ်​ယောက်၌​ကား ဒေ​နာ​ရိ​အ​ပြား​ငါး​ရာ၊ တစ်​ယောက်၌​ကား ငါး​ဆယ်​ကြွေး​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 ယေရှု​က​လည်း“ကြွေးရှင်​တစ်​ဦး​တွင် အကြွေးတင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ဒေနာရိ​ငါးရာ၊ အခြား​တစ်​ဦး​သည် ဒေနာရိ​ငါးဆယ်​အကြွေး​တင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

41 “အကြွေးရှင်​တစ်ဦး​၌ အကြွေးတင်သူ​နှစ်ဦး​ရှိ၏။ တစ်ဦး​တွင် ငွေဒင်္ဂါး​ပြား​ငါးရာ၊ အခြား​တစ်ဦး​တွင် ငွေဒင်္ဂါး​ပြား​ငါးဆယ် အကြွေး​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 7:41
17 ပူးပေါင်းရင်းမြစ်များ  

ထို​ကျွန်​သည် ထွက်​သွား​ရာ​တွင် မိ​မိ​ငွေ​ဒေ​နာ​ရိ​တစ်​ရာ ကြွေး​တင်​သော ကျွန်​ချင်း​တစ်​ယောက်​ကို တွေ့​လျှင်၊ လည်​ပင်း​ကို​ကိုင်​ညှစ်၍ ငါ့​ငွေ​ကို​ဆပ်​ပေး​လော့​ဟု ဆို၏။-


သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။-


ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု ပြန်​ပြော​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် သွား၍ ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​နှင့် မုန့်​ကို​ဝယ်​ပြီး​လျှင် သူ​တို့​အား စား​စ​ရာ​ဖို့ ပေး​ရ​ပါ​အံ့​လော​ဟု လျှောက်​ကြ၏။-


အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​သူ​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို အ​ကျွန်ုပ်​တို့​သည်​လွှတ်​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။ အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။


သ​ခင်၏​အ​လို​ကို မ​သိ​ဘဲ​လျက်၊ ဒဏ်​ခံ​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​မူ​ကား၊ အ​နည်း​ငယ်​သော ဒဏ်​ကို​သာ ခံ​ရ၏။ အ​ကြင်​သူ သည် များ​စွာ​သော​ကျေး​ဇူး​ကို​ခံ​ရ၏။ ထို​သူ​သည် အ​များ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များ​စွာ​သော​ဥ​စ္စာ​ကို အပ်​နှင်း၏။ ထို​သူ​ကို များ​စွာ​တောင်း​လိမ့်​မည်။


ထို​မှ​တစ်​ပါး၊ ရှိ​လောင်​ပြ​အိုး​လဲ၍ ပိ​သော​သူ တစ်​ကျိပ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။-


ယေ​ရှု​က​လည်း၊ အ​ချင်း​ရှိ​မုန်၊ သင့်​အား ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊ အ​ရှင်​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊-


ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သူ​သည် များ​စွာ​သော​အ​ပြစ်​တို့​နှင့် လွတ်​သည်​ဖြစ်၍ အ​လွန်​ချစ်​တတ်၏။ အ​နည်း​ငယ်​သော​အ​ပြစ် လွတ်​သော​သူ​သည် အ​နည်း​ငယ်​မျှ​သာ ချစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ