နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
လုကာ 4:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် မိမိကြီးပြင်းခဲ့သည့် နာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့ရောက်လာသောအခါ ဓလေ့ထုံးစံရှိသည့်အတိုင်း ဂျူးဝတ်ပြုဆောင်သို့ သွား၍ ကျမ်းစာဖတ်ရန် ရပ်တော်မူ၏။ Common Language Bible ကိုယ်တော်သည်နာဇရက်မြို့သို့ကြွတော်မူ၏။ နာဇရက်မြို့ကားကိုယ်တော်ကြီးပြင်းရာမြို့ ဖြစ်၏။ ဥပုသ်နေ့၌ကိုယ်တော်သည်အလေ့တော် ရှိသည်အတိုင်းတရားဇရပ်သို့ဝင်တော်မူ၏။ ကျမ်းစာကိုဖတ်ရန်ထတော်မူလျှင်၊- Garrad Bible ကြီး ပွား တော် မူ ရာ နာ ဇ ရက် မြို့ သို့ ရောက် သော် အ လေ့ တော် အ တိုင်း ဓ မ္မာ ရုံ အ တွင်း ဥပုသ် နေ့၌ ကြွ ဝင်၍ ဖတ် ရွတ် ရန် ထ တော် မူ သည့် ကာ လ၊ Judson Bible ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းရာနာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့တွင် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ကျမ်းစာကိုဖတ်ကြားရန် ထတော်မူလျှင် မြန်မာ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။- |
နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
သူငယ်၏မိဘတို့သည် ထာဝရဘုရား၏ပညတ်တရားနှင့်အညီ ပြုလုပ်ရမည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ သူငယ်ကို ခေါ်၍ ဂါလိလဲပြည် နာဇရက်မြို့သို့ ပြန်သွားကြ၏။
ယေရှုအသက် ဆယ့်နှစ်နှစ် ရှိသောအခါ၌လည်း ထုံးစံရှိသည့်အတိုင်း ဂျေရုဆလင်မြို့သို့ သွားကြ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
ထိုသူတို့၏ဝတ်ပြုဆောင်များတွင် သွန်သင်သောအခါ လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။
ပရောဖက်ဟေရှာယ၏ကျမ်းစာလိပ်ကို ယေရှုအားပေးသဖြင့် ဖွင့်ရာတွင် ကျမ်းစာ၌ရေးထားသည်မှာ
ထိုအခါ ယေရှုက “ဤကျမ်းစာ၌ ပါသောအချက်များသည် သင်တို့ကြားရသည့်အတိုင်း ယနေ့ပြည့်စုံပြီ” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။
ယေရှုက “ငါသည် ဤလောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ လူအပေါင်းတို့သည် ငါသွန်သင်သမျှကို သိကြ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာဖြစ်သော ဝတ်ပြုဆောင်များနှင့် ဗိမာန်တော်၌ အစဉ်အမြဲဟောပြောသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပါ။
ပေါလုသည် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုဆောင်သို့သွား၍ ဥပုသ်နေ့သုံးရက်တိုင် ကျမ်းစာကိုအမှီပြုကာ ထိုသူတို့နှင့်အတူ ဆွေးနွေးပြောဆို၏။